26 C
Yangon

နတ်မောက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်

Must read

နတ်မောက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်မှ စ၍ ၂ နာရီဝန်းကျင်အထိ အင်အား ၁၅၀ ဝန်းကျင် ခန့်ဖြင့် နတ်မောက်မြို့နယ် အရှေ့ခြမ်းကို ကား ၃ စီးဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဆယ်လည်ကျေးရွာ ၊ ပေပင်ရှည်ကျေးရွာအနီးရှိ တဲတိုက်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ် တိုက်ခိုက်ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး အင်အားစုများက ကျောက်တောင် ဇရပ်အရောက်တွင် အသင့် ပြင်ဆင်ထားသော ပဒေသာမိုင်းများ ၊ စိန်ပြောင်းများဖြင့် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နတ်မောက် (ပကဖ)၊ မြို့သစ် (ပကဖ)၊ ဗိဿနိုးလက်အောက်ခံ ကျားသစ်နက် တပ်ဖွဲ့၊ ငါးပြေမတပ်ဖွဲ့၊ Aung San Lant နှင့် ဗိဿနိုးလက်အောက်ခံကြိုးကြာနီတပ်ဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ဖေဖော်ဝါရီလ ၂၈ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်က နတ်မောက်မြို့နယ်၊ ဒန့်သလွန်ပင်ကျေးရွာ အနောက်ဘက် ၃ မိုင်ခန့်အကွာ၌ တည်ရှိသော ရွာ၊ ဂွေကုန်းသို့ ပေးပို့သည့် ဓာတ်ခွဲ ရုံ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နတ်မောက်တော်လှန်ရေးအင်အားစုဖြစ်သော အမှတ် ၉၀၂ တပ်ရင်း NPDF ရဲဘော်များမှ မောင်ပြန် ၄ လက်တို့ဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ထိခိုက် သေဆုံးမှုရှိမရှိကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article