28 C
Yangon

စစ်အာဏာရှင်လက်အောက်၌ ကျင်းပမည့် သွေးစွန်းသင်္ကြန်တွင် ပြည်သူတွေပူးပေါင်းပါဝင်ခြင်း မပြုရန် ကလေးမြို့တွင် စာရွက်ဖြန့်ဝေ လှုပ်ရှား

Must read

ရန်ကုန်၊ ဧပြီ ၁၂

အကြမ်းဖက် စစ်အာဏာရှင် လက်အောက်၌ ကျင်းပမည့် သင်္ကြန်ပွဲတော်တွင် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ခြင်းမပြုရန် ကလေးမြို့ရှိ တော်လှန်လူငယ်များက ယနေ့ ဧပြီလ ၁၂ ရက် နံနက်၌ လူစည်ကားရာနေရာများတွင် စာရွက်ဖြန့်ဝေလှုပ်ရှားခြင်း၊ စတစ်ကာ ကမ်ပိန်းများ ပြုလုပ်ခဲ့ကြသည်။

“ဒီနေ့ထပ်ကပ်တာပါ၊ ဟိုတရက်က ကပ်တုန်းက စတစ်ကာ ကပ်ထားတဲ့ အနီးနားက ဆိုင်တွေကို ဘယ်သူကပ်သွားလဲ ဆိုပြီး မေးတာ၊ ပြီးတော့ အကုန်ပြန်ခွာသွားတယ်။ အဲဒါ ကျနော်တို့ ဒီနေ့ ထပ်ကပ်တာပါ၊ အကြမ်းဖက်စစ်အုပ်စုက လုပ်တဲ့ သင်္ကြန်မှာ ပြည်သူတွေ မပါဝင်ကြဖို့ နှိုးဆော်တာပါ” ဟု လှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်တစ်ဦးက ပြောသည်။

အသက်စွန့်ကာ တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ထောင်များအတွင်း မတရားဖမ်းဆီးခံထားရသည့် ရဲဘော်များ၊ စစ်ကောင်၏ အကြောင်းမဲ့ ဝင်ရောက်ပစ်ခတ်မီးရှို့မှုကြောင့် တောတောင်အတွင်း ပုန်းအောင်းနေရသော စစ်ရှောင်ပြည်သူများကို ကိုယ်ချင်းစာသည့်အနေဖြင့် သွေးစွန်းသင်္ကြန်တွင် ပါဝင်ခြင်း မပြုကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article