ရန်ကုန်၊ မတ် ၁၁
မုံရွာမြို့နယ်တွင် ကျေးရွာ တစ်ရွာတွင် လေယာဥ်ဆီများ သယ်ယူပို့ဆောင်နိုင်ရန် ထောက်ပံ့ပေးနေသော အာမခံလုပ်ငန်းများအား ရပ်တန့်ပေးပါရန် သက်ဆိုင်ရာ အစိုးရများဖြစ်သည့် US,UK,EU အစိုးရတို့အား ရည်ရွယ်၍ တောင်းဆိုပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုအတွက် ကျေးရွာများအတွင်းမှ တက်ကြွလူငယ်များက ဦးဆောင် စုဝေးခဲ့ခြင်းဖြစ်ပြီး လေယာဥ်ဆီဖြတ်တောက်ရေး လှုပ်ရှားမှု သတင်းစကားများလည်း ပေးပို့ခဲ့ကာ ရပ်ရွာလူထုနှင့်အတူ လေယာဥ်ဆီဖြတ်တောက်ရေး ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြောင်း သိရှိခဲ့ရပါသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar