25 C
Yangon

ရွှေဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသား ၅ ဦး အောက်ပိုင်းချိ ဝေဒနာခံစားနေရပြီး လစဉ် အကျဉ်းသား ၂ ဦးမှ ၅ ဦးခန့်အထိ အောက်ပိုင်းချိ ဝေဒနာ ဖြစ်ပွား

Must read

ရန်ကုန်၊ မတ် ၁၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဥ်းထောင်တွင် ထောင်တွင်း ကျန်းမာရေး ညီညွတ်မှု မရှိခြင်း၊ ထောင်က ကျွေးသည့် ထမင်းနှင့် ဟင်းများတွင် ဗီတာမင်ဓာတ်ပါဝင်မှုနည်းခြင်း တိုအပါအဝင် ထောင်တွင်း အကျဉ်းသားများကို ထားရှိသည့် ပုံစံကြောင့် အကျဉ်းသားများ တစ်လလျှင် ၂ ဦးမှ ၅ ဦးခန့် အောက်ပိုင်းချိသည့် ရောဂါလက္ခဏာများ ခံစားနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံရေးအကျဥ်းသား ၅ ဦး အောက်ပိုင်းချိသည့် ရောဂါခံစားနေရပြီး အဆိုပါ အောက်ပိုင်းချိ ရောဂါကို ထောင်အခေါ်အဝေါ်တွင် တုတ်ဆွဲ သည် ဟု ခေါ်ဝေါ်ပြီး ရောဂါလက္ခဏာသည် ခန္ဓာကိုယ်‌အောက်ပိုင်း ရုတ် တရက် သေသွားသလိုဖြစ်ခြင်း၊ ခန္ဓာကိုယ်အောက်ပိုင်းပျော့လာခြင်း၊ လမ်း လျှောက်၍မရတော့ခြင်း၊ လမ်းပြန်လျှောက်လို တဖြည်းဖြည်း ရလာလျှင်လည်း ထော့နင်းထော့နင်းဖြင့် လျှောက်ရခြင်း စသည့် လေဖြတ်သည့်ရောဂါလက္ခဏာပုံစံမျိုးပင် ဖြစ်ကြောင်း သိရှိရသည်။

“အဓိက ပြဿနာက ဗီတာမင်ဓာတ်ချိုတဲ့လို ပြဿနာတွေ ဖြစ်နေတာ ။ ရွှေဘိုအကျဉ်းထောင်မှာဆိုရင် လစဉ်တိုင်းမှာ အနည်းဆုံး အကျဉ်းသား ၂ ဦးကနေ ၃ ဦးကြားဖြစ်တယ်။ လက်ရှိမှာဆိုရင်လည်း အကျဉ်းသား ၅ ဦးက ဗီတာမင်ဓာတ်ချိုတဲ့ တဲ့အတွက် အောက်ပိုင်းချိနဲ့တာ ဖြစ်နေပါတယ်ဗျ။ ကုသမှု ကောင်း ကောင်း မရရှိဘူး၊ ဆေးဝါးတွေ လုံလုံလောက်လောက် ဗီတာမင် အားဆေးတွေ မပေးနိုင်ဘူးဆိုရင်တော့ အောက်ပိုင်းသေသွားတာအထိ သူတို ဖြစ်လေ့ရှိပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

ရွှေဘိုအကျဉ်းထောင်တွင် အကျဉ်းသားများကို ကျွေးသည့် ဆန်သည် ဒေသထွက် ဆန်များ မဟုတ်ဘဲ အလွန်ဆိုးရွားသည့် ဆန်ကြမ်းများကို ကျွေးမွေးကြောင်း၊ အသားကျွေးသည့်အခါတွင်လည်း ကြက်သားဆိုပါက လည်ချောင်းရိုး၊ တောင်ပံရိုးကဲ့သို အရိုးများကိုသာ ကျွေးမွေးပြီး ငါးကျွေးသည့်အခါတွင်လည်း ခေါင်းပိုင်းကဲ့သို အရိုးများ ဈေးသည့် အစိတ်အပိုင်းများကိုသာ‌ ကျွေးနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ရက်ထံမှ သိရှိရသည်။

အဆိုပါ အောက်ပိုင်းချိနဲ့ဝေဒနာ ခံစားရသည့် အကျဉ်းသားများသည် အကြမ်း ဖက်စစ်တပ်၏ အာဏာသိမ်းမှုအလွန်တွင် အကျဥ်းထောင်များအတွင်း ပိုမိုဖြစ်ပွားလျက်ရှိကြောင်းလည်း သိရှိရသည်။

ဓာတ်ပုံ – ရွှေဘိုအကျဉ်းထောင် ပုံအဟောင်းဖြစ်ပါသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရွှေဘိုအကျဉ်းထောင် ပုံအဟောင်းဖြစ်ပါသည်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article