31 C
Yangon

ချင်းတော်လှန်ရေးအင်အားစုများကို ထောက်ပံ့ရန် တူမီးထီစတင်ရောင်းချ

Must read

ရန်ကုန်၊ ဧပြီ ၁၂

ချင်းတော်လှန်ရေးအင်အားစုများ၏ ဘဏ္ဍာရေးလိုအပ်ချက်ကွက်လပ်ကို နောက် တန်းမှ အစွမ်းကုန်ဖြည့်ဆည်းပေးနိုင်ရန် နှင့် မည်သည့်လူမျိုးမဆို ချင်းအမျိုးသားတော်လှန်ရေးတွင် အားဖြည့်ကူညီနိုင်ရန် အခွင့် အလမ်း တစ်ရပ်အဖြစ် တူမီးထီ(Chin Digital Lottery) ကို စတင်ရောင်းချ မည် ဖြစ်ကြောင်း သိရသည်။

တူမီးထီကို ချင်းရန်ပုံငွေအဖွဲ့ -Chin Relief Funding Program(CRFP) က အကောင် ထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး Promotion အစီစဉ်အဖြစ် ဧပြီလ ၁၁ ရက်နေ့မှ ဧပြီလ ၂၅ ရက်နေ့ထိသတ်မှတ်ထားပြီး ယင်းကာလတွင် အခမဲ့ ကံစမ်း နိုင်မည်ဖြစ်သည်။

“ပထမတချက်ကတော့ စစ်အာဏာရှင်စနစ်ကိုဖြုတ်ချရေး တော်လှန်ရေး မှာ ဒေသ တွင်းပြန်လည်ထူထောင်ရေးလုပ်ဆောင်ဖို့နဲ့ နောက်ဆုံးမှာ ဖက်ဒရယ် ဒီမိုကရေစီစနစ်ပေါ်ပေါက်ဖို့ မျှော်မှန်းချက်ဖြစ်တယ်။ချင်းအမျိုးသား စည်းလုံး ညီညွတ် ရေးကိုအခြေခံပြီးတော့မှ တော်လှန်ရေးအင်အားစုတွေအတွက် လိုအပ် တဲ့ရန်ပုံ ငွေကို နောက်တန်းကအားဖြည့်ကူညီခြင်းဖြင့် တော်လှန်ရေးကို မြန် မြန် ဆန်ဆန်နဲ့ပဲ အောင်မြင်နိုင်ဖို့ရည်မှန်းပါတယ်။” ဟု CRFP တာဝန်ရှိ သူ တစ်ဦး ကပြောသည်။

ရရှိလာမည့် ဘဏ္ဍာငွေ၏ ၇၀ ရာခိုင်နှုန်းကို ချင်းတော်လှန်ရေးအင်အားစုများ ထံထောက်ပံ့မည်ဖြစ်ပြီး ၂၅ ရာခိုင်နှုန်းကို ဆုကြေးငွေ အဖြစ် ပြန်လည် ချီး မြှင့် ဖြစ်ကာ ၅ ရာခိုင်နှုန်းအား အရေးပေါ်ဘဏ္ဍာငွေအဖြစ်ထားရှိကာ IT နည်း ပညာ ပိုင်းဆိုင်ရာလိုအပ်ချက်များတွင် သုံးစွဲမည်ဖြစ်ပြီး တူမီးထီတွင် ပါဝင်ကူညီပေး သူအားလုံးမှာ စေတနာ့ဝန်ထမ်းများသာဖြစ်၍ ငွေကြေးပိုင်ဆိုင်ရာများကို ပွင့်လင်းမြင်သာစွာ၊ တာဝန်ယူမှုတာန်ခံမှုရှိရှိဖြင့် စနစ်တကျ ထားရှိမည် ဖြစ် ကြောင်း တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

“တူမီးထီက ကံစမ်းမဲအစီစဉ်တခုပါပဲ။ ထီလို့သုံးထားပေမယ့်လည်း ထီဆိုတာ မျိုးကတော့သိတဲ့အတိုင်းပဲ နိုင်ငံတော်တရားဝင်အစိုးရက နေလုပ်ခွင့် ရှိတဲ့ ဟာဆိုတော့ ဒီနေရာမှာဒါလေးကိုတော့ ပွင့်ပွင့်လင်းလင်းပြောရင် ထီဆိုပြီး ပြင်ဆင်လာတဲ့အခါမှာ နာမည်နဲ့သာပြုလုပ်ခြင်းဖြစ်တယ်။ တရားဝင် ထီနာ မည် မျိုး ပုံစံမျိုးမသက်ရောက်စေဘဲ နာမည် အနေနဲ့ သာအသုံးပြုတယ် ဆိုတာလေးပါ နောက်နောင်မှာ ချင်းပြည်နယ်အစိုးရ ဖက်ဒရယ် အစိုးရ ပေါ်လာပြီဆိုရင် ဒီလုပ်ငန်းကို ချင်းပြည် နယ် ဖက်ဒရယ် အစိုးရ ကိုအပ်နှံ ပြီးတော့ တရားဝင် ဖက်ဒရယ် ထီဖြစ်ဖို့ မျှော်မှန်းထားတာတော့ရှိပါတယ်။” လို့ CRFP တာဝန်ရှိသူတဦးကပြောသည်။

CRFP အနေဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၁၉ ရက်နေ့အထိ နိုင်ငံ တကာတွင်ရှိသော ချင်းအဖွဲ့အစည်းများနှင့်တွေဆုံခဲ့ပြီး အဖွဲ့အစည်းပေါင်း ၃၀ ကျော် တသီးပုဂ္ဓလ ၁၀ ဦးကျော် တက်ရောက်ခဲ့ကာ မတ်လ ၁၉ ရက်နေ့တွင် NUG စီမံကိန်းနှင့် ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန၊ CRPH တာဝန်ရှိ ကိုယ်စားလှယ်များ နှင့် မတ်လ ၂၉ ရက်နေ့တို့တွင် တွေ့ဆုံလမ်းညွှန် မှုများ ရယူခဲ့ပြီး ဧပြီလ ၄ ရက်နေ့တွင် ချင်းတော်လှန်ရေးရန်ပုံငွေအဖွဲ့ Chin Revolution Funding Program မှ ချင်းရန်ပုံငွေအဖွဲ့ -Chin Relief Funding Program(CRFP) အဖြစ်ပြောင်းလဲခဲ့ကြောင်း ဆိုသည်။

တူမီးထီကံစမ်းနိုင်ရန်နည်းစနစ်များကို ဖေ့ဘုတ်စာမျက်နှာနှင့် ဝက်ဆိုဒ်တို့တွင် အသေးစိပ်ရှင်းလင်းချက်များနှင့်‌ ဧပြီလ ၁၁ ရက်နေ့မှစတင် ကာဖော်ပြ ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article