28 C
Yangon

ပေါက်နှင့် ဆိပ်ဖြူရှိ ကျေးရွာ ၁ဝရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၃ဦးကို သတ်ဖြတ်၊ ယနေ့တွင်လည်း တံစူးရွာကို ထပ်မံ မီးရှို့နေ

Must read

ရန်ကုန်၊ ဧပြီ ၁၂

မကွေးတိုင်း ပေါက်နှင့် ဆိပ်ဖြူ မြို့နယ်အတွင်းရှိ ကျေးရွာ ၁ဝရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၇ရက်နေ့မှ စတင်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၃ဦးကို သတ်ဖြတ်ကာ ယနေ့ ဧပြီလ ၁၂ ရက်နေ့တွင်လည်း တံစူးရွာကို ဆက်လက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဧပြီလ ၇ရက်နေ့မှ ၁၁ ရက်နေ့ထိ ပေါက်မြို့နယ် အတွင်းမှ ရေကျော်ရွာ၊ ဒိန်းကွင်းရွာ၊ တောင်ဘက်ရွာ၊ တောင်ချိုရွာ၊ အင်းငယ် ဒေါင့်ရွာ၊ ဘို့မယ်ရွာနှင့် ကျောက်အိုးကုန်းရွာ ဆိပ်ဖြူမြို့နယ် အတွင်းမှ လယ်သာဝရွာ၊ရှားလှရွာနှင့် မြစ်ဖျားရွာတို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည် ဆိပ်ဖြူမြို့နယ် ရှားလှရွာမှ အသက် ၈ဝအရွယ် ဒေါ်ခင်သန်းကို ၎င်းနေအိမ်နှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့ပြီး ရှားလှ ကျးရွာမှ ပြန်လည် ထွက်ခွာသွားစဉ်တွင် ရွာအဝင်အထွက် လမ်းပိုင်း၌ မိုင်းများ ထောင်ထားခဲ့ကာ ကျေးရွာတွင်းသို့ ပြန်လည် ဝင်ရောက်လာသည့် ဦးမင်းဦး မိုင်းနင်းမိကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြစ်ဖျားရွာတွင်လည်း အကြမ်းဖက် စစ်တပ်က ဒေသခံပြည်သူများ တစ်ဦးကို ပစ်သတ်ခဲ့ပြီး အမည်မ သိရသေးကာ စစ်တပ် ပစ်သတ်ခဲ့သော ပြည်သူဦးရေကို အတည်မပြုနိုင်သေးကြောင်း နယ်မြေခံ သတင်း ရင်းမြစ် ဖြစ်သည့် Pauk Alliance Groupမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ အကြမ်းဖက် စစ်တပ်သည့် ယနေ့ ဧပြီလ ၁၂ ရက်နေ့တွင် ပေါက်မြို့နယ် တံစူးရွာကို ထပ်မံ မီးရှို့ဖျက်ဆီးနေပြီး ပျက်စီးဆုံးရှုံ့မှု အခြေအနေ မသိရသေးကာ ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article