မကွေးတိုင်း ပေါက်မြို့နယ်တွင် ကိုဖုန်းမော်နေ့အခမ်းအနားနှင့် နိုင်ငံရေးဟောပြောပွဲပြုလုပ်
ရန်ကုန်၊မတ် ၁၅
မကွေးတိုင်း၊ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ကိုဖုန်းမော်နေ့အခမ်းအနားနှင့် နိုင်ငံရေးဟောပြောပွဲပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားကို ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် အခြေခံပညာကျောင်းသားများသမဂ္ဂအမှုဆောင် တစ်ဦးက ကျောင်းသားလူထုကို စည်းရုံးစုစည်းကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ၃၆နှစ်ပြည့် ဖုန်းမော်နေ့အထိမ်းအမှတ် တော်လှန်ရေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။