23.9 C
Yangon

ရန်ကုန်သင်္ကြန်လူမရှိဘဲ အသံတိတ်သပိတ်ကဲ့သို့ ခြောက်ကပ်နေ ၊ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ရှေ့ လူတချို့ တင်လာသော ဖောကား ၃ စီး၊ ဟိုက်ဂျက်ကား ၃ စီး အကြိမ်ကြိမ် ရေပက်ခံပြနေမှုကို ထုတ်လွှင့်နေ

Must read

ရန်ကုန်၊ ဧပြီ ၁၃

ယနေ့ ဧပြီလ ၁၃ ရက်နေ့ မဟာသင်္ကြန် အကြိုနေ့တွင် ရန်ကုန်မြို့ရှိ လမ်းမကြီးများတွင် လူသူမရှိဘဲ အသံတိတ်သပိတ်ကဲ့သို့ ခြောက်ကပ်နေကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ကျနော် လှည်းတန်း၊ မြေနီကုန်း၊ မြို့ထဲ ပတ်လာတာ လူကိုမရှိဘူး လမ်းပေါ်မှာ။ ဆူးလေပတ်ဝန်းကျင်ကတော့ ပတ်ပတ်လည် အကုန်လမ်းတွေပိတ်ဆို့ထားတယ်။ ရေပက်ခံကားလည်းမတွေ့ဘူး။ ရေပက်သူလည်းမရှိဘူး။ အသံတိတ်သပိတ်တုန်းကလို မြို့ကြီးက ခြောက်ကပ်နေတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ရုပ်မြင်သံကြားလိုင်းများတွင် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသ နေပြီး အဆိုပါ မြို့တော်ဝန်မဏ္ဍပ်ရှေ့တွင် လူတချို့တင်ဆောင်လာသော ဖောကား အဖြူ ၃ စီး ၊ ဟိုက်ဂျက်ကား အဖြူ ၃ စီးမှာ အကြိမ်ကြိမ် မြို့တော်ဝန်မဏ္ဍပ်ရှေ့ ဖြတ်သန်း ရေပက်ခံနေမှုကို မြင်တွေ့ရကြောင်း ပြောဆိုသည်။

“ဘာရယ်မဟုတ် TV ဖွင့်ပြီး ထိုင်ကြည့်နေတာ မြို့ တော်ဝန်မဏ္ဍပ်ရှေ့မှာ ဖောကား ၃ စီးနဲ့ ဟိုက်ဂျက် ၃ စီးလောက်က အကြိမ်ကြိမ် ဖြတ်ပြပြီး လူရှိသလို လုပ်နေတာ။ ချမ်းသေလောက်တယ်။ စည်ပင်ဖောကား တွေဖြစ်ဖို့များတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article