28 C
Yangon

ရေစကြိုမြို့နယ်တွင် Non CDM ဝန်ထမ်းများကို စတင်ဖမ်းဆီးအရေးယူဆောင်ရွက်နေပြီဖြစ် ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

Must read

ရေစကြိုမြို့နယ်တွင် Non CDM ဝန်ထမ်းများကို စတင်ဖမ်းဆီးအရေးယူဆောင်ရွက်နေပြီဖြစ် ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

ရန်ကုန်၊ မတ် ၁၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် Non CDM ဝန်ထမ်းများအားလုံးကို စတင်ဖမ်းဆီးအရေးယူ ဆောင်ရွက်နေပြီဖြစ်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ မတ်လ ၁၈ ရက် နေ့တွင် ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီ၏ ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ရက်စွဲပါ ညွှန်ကြားချက်အမှတ်၊ ဝ၃/၂၀၂၃ အရ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုခဲ့ကြသည့် Non CDM နိုင်ငံ့ ဝန်ထမ်းများအား အရေးယူခြင်းဆိုင်ရာ ညွှန်ကြားချက်များ အတိုင်း ဆောင်ရွက်ခဲ့ရာ အလင်းမဝင် NON CDM များအား နယ်နှင်ဒဏ် ပေးရေး ၊ ဖမ်းဆီးရေး လုပ်ငန်းစဉ်သို့ ရောက်ရှိပြီး စတင်ဆောင် ရွက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

မကွေးဖက်ဒရယ်ယူနစ်ပခုက္ကူခရိုင် ၊ရေစကြိုမြို့နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ အလင်းဝင် NON CDM စီမံခန့်ခွဲမှု ကော်မတီမှ NON CDM များ အလင်းဝင်ရောက်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဖေ ဖော်ဝါရီလ ၁၅ ရက် ည ၁၂ နာရီ အထိ အလင်းဝင် ရောက်လာသော NON CDM များကို လက်ခံပြီး ညွှန်ကြား ၊ ကြေညာချက်များအတိုင်း ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ရေစကြိုမြို့နယ်၊ ပြည်သူ့ဘက်တော်သားများ၏ ဘေးကင်းလုံခြုံရေးကို ရှေးရှုပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက် နေ့ ည ၁၂ နာရီအတွင်း အလင်းဝင်ရောက်ခြင်းမရှိသော NON CDM များနှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သက်ဆက်စပ်သူ အားလုံးကို မတ်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန် အတွင်း ရေစကြိုမြို့နယ်ရှိ၊ မိမိတို့နေထိုင်ရာ ရပ်ကွက် ၊ကျေးရွာ အသီးသီးမှ ရေစကြိုမြို့နယ်ပြင်ပသို့ ထွက်ခွာသွားကြရန် သတိပေးထားသည်။

မတ်လ ၃၁ ရက် နံနက် ၁၁ နာရီ အချိန်အထိရေစကြိုမြို့နယ်ပြင်ပသို့ ထွက်ခွာခြင်းမရှိသော အလင်း မဝင် NON CDM များ၊ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီနှင့် ပါတ်သက်ဆက်စပ်သူ အားလုံးကို ညွှန်ကြားချက်နှင့် ဖမ်းဆီးစစ်ဆေး အရေးယူရန် သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့ နယ် ပြည်သူ့လုံခြုံရေး အဖွဲ့တို့အား ညွှန်ကြားထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article