ရန်ကုန်၊ ဧပြီ ၁၇
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးကားလမ်းမကြီးပေါ်တွင် မုံရွာ ပင်မသပိတ်စစ်ကြောင်းက ဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး သပိတ်စစ်ကြောင်း ယနေ့ ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့တွင် ချီတက်ဆန္ဒပြကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လိုက်ပါဝန်းရံ လုံခြုံရေးယူပေးခဲ့ကြသည်။
“နှစ်သစ်မှာ အားသစ်လောင်း၍ နိုင်ငံသစ်ကို ရဲရဲတည်ဆောက်ကြ” “ပြည်သူလူထု ပေါင်းစုအားဖြင့် စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ကြ” “လူထုအားဖြင့် တော်လှန်ရေး အောင်နိုင်စေ” စသည့်ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြကြသည်။