ရန်ကုန်၊ ဇန်နဝါရီ ၂၂
အကြမ်းဖက်စစ်အာဏာရှင် လက်အောက်၌ သင်ကြားနေသည့် စစ်ကျွန်ပညာရေးကို ဆန့်ကျင်သပိတ်မှောက်ရန် အောင်မြေသာစံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) သည် ယနေ့ ဇန်နဝါရီလ ၂၂ ရက် နံနက်အစောပိုင်းတွင် စာသင်ကျောင်းနံရံများ၌ စာရွက်များကပ်ကာ ဆန့်ကျင်လှုပ်ရှားကြသည်။