25 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်စခန်းများနှင့် BGF ယာဉ်တန်းများကို KNLA ဝင်တိုက်၊ စစ်သားနှင့် BGF ၁၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ မူတြော် (ဖာပွန်)ခရိုင်တွင် အကြမ်းဖက်စစ်ကောင်စီက ကျူးကျော်တပ်စွဲထားသော သစ်တပင်ကုန်း တပ်စခန်းနှင့် BGF ယာဉ်တန်းများကို ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သားနှင့် BGF တပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရကာ BGF ကား ၂ စီး ပျက်စီးသွားကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် နံနက် ၇ နာရီ ၄၀ တွင် စစ်ကောင်စီက နယ်မြေကျူးကျော်ကာ တပ်စွဲထားသော သစ်တပင်ကုန်း တပ်စခန်းကို KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက ပြောက်ကျားနည်းဖြင့် ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၉ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

နံနက် ၇ နာရီ ၅၃ မိနစ်တွင်လည်း ဖာပွန်-ကမမောင်းကြား ဖွေးထော်ရူကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ကို KNLA က ခြုံခိုတိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း၊ ၈ နာရီ ၅၅ မိနစ်တွင် သွေးသေနှင့် တောင်သုံးလုံးကြား၌ စစ်ကောင်စီ လက်ပါးစေ BGF ကား ၂ စီးကို KNLA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး BGF ၂ ဦးသေဆုံး ၂ ဦး ဒဏ်ရာရပြီး ကား ၂ စီးလည်း ပျက်စီးသွားကြောင်း၊ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ကော်သွေးကျိုး ပွိုင့်-၃၄၀၀ တွင်လည်း KNLA က ဝင်ရောက်ပစ်ခတ်ပြီး စစ်သား ၁ ဦး သေဆုံးကြောင်း မူတြော်ခရိုင်မှ ထုတ်ပြန်သည်။

နယ်ခြာားစောင့် BGF တပ်ဖွဲ့ဝင်များသည် ဖွေးထော်ရူကျေးရွာနှင့် လုပ်ကိုင်စားသောက်ရာလယ်ယာများအတွင်းသို့ လက်နက်ကြီးပေါင်း အလုံး ၂၀ နှင့် လက်နက်ငယ်ဖြင့် အကြိမ်ရေ ၁,၀၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း KNU တပ်မဟာ ၅ က ထုတ်ပြန်ချက်အရသိရသည်။

ဓါတ်ပုံ – သံလွင်မြစ်ကမ်းရှိ စစ်ကောင်စီ၏ သီးမူထတပ်စခန်းကို ၂၀၂၁ ခုနှစ် မတ်လတွင် KNLA တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်စဉ် မြင်ကွင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article