လွိုင်ကော်မြို့နယ် ကုန်းသာရွာတွင် စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများ၏ မိသားစုဝင်များကို အလှူငွေများ လှူဒါန်း
ရန်ကုန်၊ဧပြီ ၂၃
ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ကုန်းသာကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှ ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ၏ မိသားစုဝင်များကို အလှူရှင်ကိုယ်စား ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က အလှူငွေများ သွားရောက်လှူဒါန်းခဲ့ ကြောင်း သိရှိရသည်။