North Carolina ပြည်နယ် Charlotte မြို့တွင် NUG တာဝန်ရှိသူများနှင့် မြန်မာတိုင်းရင်းသားများ တွေ့ဆုံ
ရန်ကုန်၊ မေ ၅
အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် Charlotte မြို့တွင် NUG အစိုးရ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင် ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးမိုးဇော်ဦးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ မြန်မာတိုင်းရင်းသားများ မေလ ၄ ရက်နေ့တွင် တွေဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါပွဲတွင် တက်ရောက်လာသော တိုင်းရင်းသားပြည်သူများကို NUG ဝန်ကြီးများနှင့် သံအမတ်ကြီးတို့မှ နှုတ်ခွန်းဆက်စကားနှင့်အတူ တော်လှန်ရေး၏အရွေ့ တော်လှန်ရေး၏ လက်ရှိအခြေအနေများကိုရှင်းလင်းခဲ့ကာ မေးမြန်းမှုများကို ဖြေကြားခဲ့ကြောင်း သိရှိရသည်။
Photo – KyawSoe Latt
![](https://yktnews.com/wp-content/uploads/2024/05/441059791_799685395592402_5897864484560174387_n.jpg)
![](https://yktnews.com/wp-content/uploads/2024/05/441182075_799685492259059_5437501709087226367_n.jpg)
![](https://yktnews.com/wp-content/uploads/2024/05/441063623_799685372259071_8542365798579816036_n.jpg)