23 C
Yangon

စိုင်ပြင်မြို့တွင် စစ်တပ်အတွက် စျေးဝယ်ပေးနေသူတစ်ဦး အသတ်ခံရပြီးနောက် ဒီပဲယင်းအရှေ့ခြမ်းကျေး ရွာများကို စစ်သားများက မီးရှို့နေ၊ မူးခတွင်းရွာမှာ သက်ကြီးရွယ်အို အဘိုး ၂ ဦး ကို အကြောင်းမဲ့သတ်ဖြတ်

Must read

ရန်ကုန်၊ ဧပြီ ၂၀

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ်အတွက်‌ စျေးဝယ်ပေးနေသူတစ်ဦး စိုင်ပြင်မြို့တွင် အသတ်ခံရပြီးနောက် စစ်တပ်က ယမန်နေ့နှင့် ယနေ့ ဧပြီလ ၂၀ ရက်နံနက်ပိုင်းတွင် ဒီပဲယင်း အရှေ့ခြမ်းရှိ ကျေးရွာအချို့ကို ရှို့ဖျက်ဆီးပြီး မူးခတွင်းကျေးရွာမှ သက်ကြီးရွယ်အို အဘိုး ၂ ဦးကို အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်သားများသည် ယမန်နေ့နှင့်ယနေ့နံနက်အစောပိုင်း မဲအိုးကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း၊ ယနေ့နံနက် ၇ နာရီဝန်းကျင်တွင် ညောင်လှကျေးရွာသို့ သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီး စတင်မီးရှို့ဖျက်ဆီးနေကြောင်း၊ အလားတူ မူးခတွင်း ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ကျေးရွာအတွင်း မတိမ်းရှောင်နိုင်ဖြစ်နေသော အသက် (၇၀) ဝန်းကျင်ခန့် အဖိုးအို (၂) ဦးကို ရက်စက်စွာ ပစ်သတ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

“မဲအိုးကျေးရွာမှာတော့ ဒီနေ့မနက် မီးထပ်ရှို့တာ အိမ်ခြေ ၇၀ လောက် ပြာကျသွားတယ်။ အခု ညောင်လှကို သေနတ်တွေ ဖောက်ပြီး ဝင်လာပြီး ညောင်လှကို ဝင်မီးရှို့နေတယ်။ မီးများနိုင်တယ်၊ ၃ နေရာ ခွဲပြီး မီးရှို့နေတာ။ ပျက်စီးမှု တော်တော်များလိမ့်မယ်” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက် စစ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် စိုင်ပြင်မြို့ရှိ အနည်းဆုံး နေအိမ် ၃ လုံး၊ မဲအိုးကျေးရွာရှိ နေအိမ် ၇၀ လုံးနှင့် စပါးကျီများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်က အစီအစဉ်တိုင်း လုပ်နေတာ။ ဒီပဲယင်းမြို့နယ်၊ မဲအိုးရွာကို ဒီနေ့မနက် တစ်ရွာလုံး မီးရှို့တယ်။အိမ် ၇၀ ပြာကျတယ်။ အခု ညောင်လှရွာမှာ ဝင်မွှေနေတယ်။ အဲဒီဘက်မှာ လိုင်းကဖြတ်ထား။ဖုန်းလိုင်းကလည်း ရချင်တဲ့ အခါမှ ရတာ”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ညောင်လှရွာ မီးရှို့ခံနေရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article