25 C
Yangon

မြိတ် – ထားဝယ်ကားလမ်းပေါ် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးနိုင်

Must read

တနင်္သာရီတိုင်းမ် ၊ ဧပြီ ၂၀

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ ဒီနေ့မနက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပန်းပြင်ရွာနဲ့ သရက်နှစ်ခွရွာအကြားမှာ ဖြစ်ပွားခဲ့တာလို့သိရပါတယ်။

လက်ရှိပန်းပြင်ရွာမှာ စစ်သား၃ယောက်သေဆုံးနေတာအတည်ပြုလို့ရပြီး နောက်ထပ် လူနာတင်ကားအများအပြားလည်းလာရောက်တင်ဆောင်နေတာရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲဟာ မနက် ၅နာရီလောက်ကနေ ၇နာရီခွဲလောက်အထိ နှစ်နာရီကျော်အကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“မနက်၅နာရီလောက်ကတည်းက လက်နက်ကြီးလက်နက်ငယ်တွေပစ်သံကြားရတာပဲ ။ စစ်ကောင်စီဘက်က အင်အားဖြည့်ဖို့လာတဲ့ စစ်ကားတစ်စီးလည်း မိုင်းဆွဲခံရပြီး လုံးဝထိုးရပ်သွားတယ်လို့ ကြားတယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ အနီးအနားကရွာတွေကိုရောက်ရှိနေတယ်လို့လည်းသိရပါတယ်။

တိုက်ပွဲကြောင့် မြိတ် ထားဝယ်ကားလမ်းပေါ်မှာ ကားတွေအကုန်လုံး ၉ နာရီဝန်းကျင်အထိ စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့သိရပါတယ်။

The Tanintharyi Times

ဓာတ်ပုံ – စောင့်ဆိုင်းနေရတဲ့ကားတွေ။ (CJ)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article