ရန်ကုန်၊ ဧပြီ ၂၀
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းနှင့် မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA ကြား ယမန်နေ့ ဧပြီလ ၁၉ ရက်တွင် ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း MRDA က သတင်းထုတ်ပြန်သည်။
ဧပြီလ ၁၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် ပုလဲမြို့နယ် ကန်ကြီးရွာနှင့် ကြူခြံကျေးရွာကြား၌ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီခွဲအတွင်း ကြူခြံရွာနှင့် ချင်ပြစ်ကျေးရွာကြား၌ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲ ၂ ကြိမ်အတွင်း MRDA ရဲဘော် ၁ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။



