ရန်ကုန်၊ ဧပြီ ၂၁
မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၈နှစ်ပြည့်အဖြစ် “တိုင်းပြည် အပေါ် စစ်အာဏာရှင် ကျေးဇူး မူးလို့တောင်ရှူစရာ မရှိဘူး” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။