32 C
Yangon

လေးကေ့ကော်တွင် ယမန်နေ့ညတိုက်ပွဲ စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးပြီး မဟာမိတ်တပ်ပေါင်းစုမှ ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၂၂

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်တွင် ဧပြီလ ၂၁ ရက်နေ့ ညပိုင်း အကြမ်းဖက်စစ်ကောင်စီက KNLA နှင့် PDF စုပေါင်းတပ်များကို ထိုးစစ်ဆင်ခဲ့ရာ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးပြီး မဟာမိတ်တပ်ပေါင်းစုဘက်မှ ရဲဘော်၂ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ ည‌နေ (၆)နာရီခွဲခန့်မှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ ခမရ ၁ စစ်ကြောင်း ၁ နှင့် Cobra Column တို့ လေ့ကေ့ကော်ဒေသ ဖလူးရွာအနီးတွင် ထိတွေ့ ‌မှု စတင်ဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့ ည ၇ နာရီ ၁၀ မိနစ်မှ စတင်ပြီး ည ၁၁ နာရီ ဝန်းကျင်ခန့် အထိ စွယ်တော်ကုန်း(အမြှောက်ကုန်း) မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်လျက်ရှိပြီး ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဘက်စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးပြီး ၃)ဦး ဒဏ်ရာ ရရှိခဲ့ကာ ကော်ဘရာစစ်သည်တော် (၂) ဦး လက်နက်ကြီးစ ထိမှန်ပြီး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ပါကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article