ရန်ကုန်၊ ဧပြီ ၂၃
ထိုင်း-မြန်မာနယ်စပ် ၊မြန်မာနိုင်ငံဘက်ခြမ်း မြ၀တီမြို့နယ် တံတား ၁ ဂိတ်တွင် ယနေ့ ည ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် မိုင်းပေါက်ကွဲပြီး တံတားဂိတ်မီးလောင်သွားကြောင်း ကနဦးသိရှိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရှိရပြီး ပေါက်ကွဲမှု အသံကို မဲဆောက်နှင့်မြ၀တီ တစ်မြို့လုံးကြားရကြောင်း သိရှိရသည်။
“ထိုင်းစံတော်ချိန် ၁၁ နာရီလောက်မှာ ကျနော်တို့ အသံအကျယ်ကြီးပဲ ကြားလိုက်ရတယ်။ တုန်တောင်တုန်တယ်။ မြေကြီးတောင် တော်တော်ကျယ်တယ်” ဟု မဲဆောက်ဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ မြ၀တီမြို့ သံလွင်စက်သုံးဆီဆိုင်တွင်လည်း ပစ်ခတ်မှုများဖြစ်ပွားပြီး မည်သည့်အဖွဲ့များ ပစ်ခတ်ကြသည်ကို မသိရှိရသေးကြောင်း ဒေသခံများထံမှသိရှိရသည်။
ထို့ပြင် မြ၀တီမြို့လယ်ခေါင်ရှိ KTV တစ်ခုတွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2022/04/FB_IMG_1650733634721.jpg)
![](https://yktnews.com/wp-content/uploads/2022/04/FB_IMG_1650733637065.jpg)
![](https://yktnews.com/wp-content/uploads/2022/04/FB_IMG_1650733639131.jpg)
![](https://yktnews.com/wp-content/uploads/2022/04/FB_IMG_1650733641233.jpg)