25 C
Yangon

မန္တလေးတိုင်းတွင် စစ်တပ်ကို ငွေကြေး ထောက်ပံ့နေသည့် ဆီဆိုင် ပိုင်ရှင်၊ စစ်မှုထမ်းဟောင်းနှင့် စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူး စုစုပေါင်း ၃ ဦး အပစ်ခတ်ံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၄

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် မြင်းကဘက်ကျေးရွာတွင် မီတာခများ လိုက် လံကောက်ခံ နေသော စစ်မှုထမ်းဟောင်း အောင်ဝင်းကို ဧပြီလ ၂၃ ရက်နေ့တွင် သေမင်းတမန် ပျောက်ကြား တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ပြန် အောင်ဝင်းကို သေမင်းတမန် အထူး ပျောက်ကြားတပ်ဖွဲ့မှ ဧပြီ ၂၃ရက်နေ့ ညနေ ၅နာရီခန့် တွင် တံစိုးအရှေ့ဘက်၊ မြစ်သား ခရိုင်ပတ်လမ်းအနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဦးခေါင်း ကျည်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အောင်ဝင်းသည် ပြည်သူများ ကျပ်တည်းနေချိန်တွင် စစ်ကောင်စီလက်အောက်ခံများနှင့် ပူး ပေါင်းကာ လျှပ်စစ်မီတာခများ အတင်းအဓမ္မ ကောက်ခံခြင်း၊ ခြိမ်းခြောက်ခြင်း၊ အရပ်သားပြည်သူအား ရည်ရွယ်ချက်ရှိရှိဖြင့် စစ်ကောင်စီထံသို့ မဟုတ်မမှန်သတင်းပေးတိုင်တန်းခြင်း၊ စစ်ဆေးရေးဂိတ်နှင့် စစ်သားများထံသို့ သတင်း‌ပေးအဖြစ် ကူညီဆောင်ရွက်ပေးခြင်းတို့ကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သေမင်းတမန် အထူး ပျောက်ကြားတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်အတွင်းရှိ ပျူစောထီးများနှင့် အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ငွေကြေး ထောက်ပံ့နေသည့် နိုင်လိုက် ဆီဆိုင် ပိုင်ရှင် ထွန်းနိုင် ဆိုသူကို WTRF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆီဆိုင်ပိုင်ရှင် ထွန်းနိုင်ကို ဝမ်းတွင်းဈေးပေါက်တွင် ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၀နာရီ ၂၅မိနစ်ခန့်၌ WTRF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်နှင့် ရဲများဖြင့် ပူးပေါင်းကာ မြို့နယ်အတွင်း ပြည်သူများကိုအမျိုးမျိုးအနိုင် ကျင့်နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းပျူစောထီးများ မွေးထုတ်ပေးခြင်း၊ ပျူစောထီးသင်တန်း ဖြစ်မြောက်ရေးအတွက် အမာခံငွေထုတ်ပေးခြင်း တို့ကြောင့် WTRF တပ်ဖွဲ့က ရှင်းလင်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပန်းကြိုင် ကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်မြင့်ကို ဧပြီလ ၂၄ ရက်နေ့တွင် ငါးပြေမ ပျောက်ကြားတပ်ဖွဲ့ (နတ်မောက်)၊ People’s Guerrillab Force (ကျောက်ပန်းတောင်း)နှင့် 21- Guerrillab Force (ကျောက်ပန်းတောင်း) တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်း သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် ပျူစောထီး အဖွဲ့များ လာရောက် ပစ်ခတ်မည်ကို ကြောက်လန့်ကာ အိမ်လှည့်အိပ်နေစဉ် ပစ်ခတ် ခံရခြင်း ဖြစ်ပြီး သေနတ် ကျည် ၅ချက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တစ်ခေါက်တုန်းက ဓားနဲ့ထိုးတာ မသေဘူး။ သူကလည်တယ်။ နေ့လည်ဆို တစ်အိမ်မှာနေ ညဆို ပြောင်းအိပ်နဲ့ ရှောင်နေတာ။ အခုမှ မလွတ်ဘဲ သေသွားတာ” ဟု ငါးပြေမပျောက်ကြားတပ်ဖွဲ့ရဲဘော်တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ဓားဖြင့်ထိုးခဲ့ရသော်လည်း မသေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်မြင့် ယနေ့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article