27 C
Yangon

စစ်ကိုင်းမြို့ပေါ်တွင် စစ်တပ်နှင့်ပူးပေါင်း၍ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်နေသည့် ရွာထောင်ရပ်ကွက်မှ ပျူစောထီး မြင့်သိန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

စစ်ကိုင်းမြို့ပေါ်တွင် စစ်တပ်နှင့်ပူးပေါင်း၍ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်နေသည့် ရွာထောင်ရပ်ကွက်မှ ပျူစောထီး မြင့်သိန်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၁၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်နှင့်ပူးပေါင်း၍ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်နေသည့် ရွာထောင်ရပ်ကွက်မှ ပျူစောထီး မြင့်သိန်းကို ပစ်ခတ် တိုက်ခိုက်ရာသေဆုံးခဲ့ကြောင်း Burmese Revolution Force – BRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်တွင် နေထိုင်သော ပျူစောထီးမြင့်သိန်းကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မိနစ် ၂၀ ခန့်အကြာတွင် အိုးဘို နာရေးကားဖြင့် ပျူစောထီး မြင့်သိန်း၏ အလောင်းကို လာရောက် သယ်ဆောင်သွားကြောင်း သိရှိရသည်။

“ပစ္စည်းတွေ သိမ်းဆည်းခဲ့တာ စစ်ခွေးတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာမျိုးမရှိပါဘူး။ ပျူစောထီးမြင့်သိန်းက ပြည်သူလူထုအပေါ် အကြမ်းဖက် နှိပ်စက်တာတွေရှိတယ်။ စစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေဖမ်းဆီး တာ မျိုးရှိတယ်။ အဲဒါကြောင့် ဝင်ရှင်းခဲ့တာ သူ့ကို ရှင်းပြီးတော့ အထိအခိုက်မရှိအောင် အမြန်ဆုတ် ခွာ လာခဲ့ပါတယ်” ဟု Burmese Revolution Force – BRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Burmese Revolution Force – BRF တပ်ဖွဲ့၊ ဇေယျာကျီးမိုက် မင်းဒင် ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

burst
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article