27.4 C
Yangon

မတ္တရာတွင် စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးလုယက်နေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ ဇွန် ၁၃

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ့ နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူ ပိုင်ပစ္စည်းများကို ခိုးယူခြင်းများ လုပ်ဆောင်နေသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများ ရှိနိုင် ကြောင်း ရတနာပုံတပ်ဦး တာဝန်ခံ ကိုကီရီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့ နံနက် ၃ နာရီခွဲခန့်အချိန် မတ္တရာမြို့မှ စတင်ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မတ္တရာမြို့နယ်၊ တောပုရွာဘန်ုးကြီးကျောင်း အရောက် ပြင်ဦးလွင် ခရိုင်ဒရုန်းတပ်ဖွဲ့(ရတနာပုံတပ်ဦး)က Fixed Wings Drone ဖြင့် ဗုံး ၁ လုံး ကျဲချ၍ စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်တပ်က တောပုရွာတွင် လက်နက်ကြီးအထိုင်ချပြီး အနောက်ဘက်ရှိ‌ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်း ထပ်မံ ထိုးလာခဲ့ကြောင်း၊ အဆိုပါ စစ်တပ်က လက်နက်ကြီး အထိုင်ချရာ နေ ရာသို့ ပြင်ဦးလွင် ခရိုင်ဒရုန်းတပ်ဖွဲ့(ရတနာပုံတပ်ဦး)မှ Fixed Wings Drone ဖြင့် ယမန်နေ့ နံနက် ၁၁ နာရီ တွင် တစ်ကြိမ် ၊ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ် ဗုံးသီး ၂ ကြိမ်ချ၍ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ယင်းအပြင် တောပုရွာမှ အနောက်သို့ ထွက်လာသော စစ်ကြောင်းနှင့် ငယ်တိုး သဖန်းဒေါင့်ဘက်မှ တက်လာသော စစ်တပ်စစ်ကြောင်းတို့က ရှင်လှတောင်ရွာရှိ ပြည်သူများ၏ နေအိမ်များကို စတင် မီးရှို့ခဲ့ကြောင်း၊ ပြည်သူပိုင် ပစ္စည်းများနှင့် ဆိုင်ကယ်များကို ခိုးယူ၍ တောပုရွာဘက်သို့ ပြန်ဆုတ်ခွာသွားကြောင်း၊ ထိုသို့ ဆုတ်ခွာစဉ် ပြည်သူ့ ကာကွယ်ရေးတပ်များနှင့် မိနစ်၂ဝ အကြာ ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပြီးနောက် တောပုရွာ ဘုန်းကြီးကျောင်းသို့ စစ်တပ်စစ် ကြောင်း ပြန်လည် ရောက်ရှိစဉ် ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး)က ဒရုန်းဖြင့် ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ၁ လုံးမှာ ပစ် မှတ်နေရာကို တိတိ ကျကျ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှု များပြားနိုင်ကြောင်း ပြင်ဦးလွင်ခရိုင် ဒရုန်းတပ်ဖွဲ့ – ရတနာပုံတပ်ဦးတာဝန်ခံ ကို ကီရီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

“စစ်ခွေးတွေ တောပုရွာမှာ ရှိနေ၊ မနေတော့ ဒီမနက် မသိရသေးဘူး။ အင်အားတွေလည်း တိုးနေတုန်း ရှိသေးတယ်၊ တိုက်ပွဲတွေကလည်း ဆက်ဖြစ်ဖို့ရှိတယ်၊ ခွေးတွေ သေဆုံးထိခိုက်လည်း မသိရသေးဘူး။ ရင် ဆိုင်အနေအထားမလို့၊ ကျနော်တို့တပ်ဖွဲ့အနေနဲ့ ဒီလအတွင်း ဒရုန်း ၂ စီးရှိပြီ ပျက်ကျဆုံးရှုံးထားတာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြင်ဦးလွင်ခရိုင်ဒရုန်း တပ်ဖွဲ့ (ရတနာပုံတပ်ဦး) နှင့်အတူ မတ္တရာမြို့နယ်(ပကဖ) က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကျဲတိုက်ခိုက်မှုများအတွင်း Drone တစီး ပျက်ကျဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ဖီးနစ် ပြည်သူ့ကာကွယ်ရေးတပ်မှ တိုက်ခိုက်ရေး ဒရုန်းတစ်စင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဖီးနစ် ပြည်သူ့ကာကွယ်ရေးတပ်မှ တိုက်ခိုက်ရေး ဒရုန်းတစ်စင်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article