32.5 C
Yangon

မြန်မာ့အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်ခိုင်ဇာအောင် နော်ဝေ Arthur Svensson prize ဆုချီးမြှင့်ခံရ၊ EU အနေဖြင့် စစ်ကောင်စီကို ကုန် သွယ်ရေး အထောက်အပံ့များ ရပ်ဆိုင်းရန် ဒေါ်ခိုင်ဇာအောင် တောင်းဆို

Must read

ရန်ကုန်၊ ဇွန် ၁၃

မြန်မာ့အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်ခိုင်ဇာအောင်သည် နော်ဝေနိုင်ငံတွင် Arthur Svensson prize ဆုချီးမြှင့်ခံရကြောင်း သိရှိရသည်။

ဇွန်လ ၁၃ ရက်နေ့ နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် Arthur Svensson prize ဆုတံဆိပ်ကို မြန်မာနိုင်ငံ၏ အလုပ် သမားအရေး ဆောင်ရွက်သူ ဒေါ်ခိုင်ဇာအောင် (ဗဟိုအလုပ်အမှုဆောင် – မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် – CTUM, ဥက္ကဌ -IWFM) ကို ချီးမြှင့်ခဲ့ကြောင်း၊ ဆုရရှိသူ ဒေါ်ခိုင်ဇာအောင်က စစ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေး၊ အလုပ်သမားအရေး ချိုးဖောက်ခံရမှုများ၊ စစ်ကောင်စီနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများကို ရပ်တန့်ပစ်ရန်၊ လက်ရှိ မြန်မာစစ်အာဏာရှင် တော်လှန်ရေး အခြေအနေများကို ရှင်းလင်းပြောဆိုခဲ့ကြောင်း သိရှိရသည်။

လက်ရှိအကြမ်းဖက်စစ်ကောင်စီက ပြည်သူများကို သတ်ဖြတ်နေခြင်းကြောင့် ပြည်သူ ၃ သန်းကျော်သည် ထွက်ပြေးနေရပြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များအပါအဝင် ပြည်သူ ထောင်ချီ သေဆုံးခဲ့ရကြောင်း၊ နိုင်ငံတစ်ဝန်းလုံးရှိ ၇၀ ရာခိုင် နှုန်းမှာ တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ ကျောင်းများနှင့် ကျန်းမာရေးဆိုင်ရာ အဆောက် အအုံများ အပါအဝင် အဆောက်အအုံ ၈၆,၀၀၀ ကျော်ကို ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ပြည်သူ ၂၆,၇၉၉ ဦးထက်မနည်းမှာ ဖမ်းဆီးခံထားရကြောင်း Arthur Svensson prize ဆုရှင် ဒေါ်ခိုင်ဇာအောင်က ဆိုသည်။

ထို့ကြောင့် ဥရောပသမဂ္ဂအနေဖြင့် အလုပ်သမားနှင့် အခြေခံလူ့အခွင့်အရေးများကို မလေးစားသော စစ်ကောင်စီ ကုန်သွယ်ရေးဆိုင်ရာ EBA အထောက်အပံ့များ ရပ်ဆိုင်းရန်လိုအပ်ကြောင်း Arthur Svensson prize ဆုရှင် ဒေါ်ခိုင်ဇာအောင်က တိုက်တွန်းပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article