မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ကြေးနီ ကားတန်းကို လုံခြုံရေး ယူပေးရန် ထွက်လာသည့် စစ်သား ၃ ဦးကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၂၁
စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ကြေးနီ ကားတန်းကို လုံခြုံရေး ယူပေးရန် ထွက်လာသည့် အကြမ်းဖက် စစ်သား ၃ ဦးကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း Area 71 peoples defense force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် နံနက် ၈ နာရီ ခန့်တွင် မုံရွာ-ချောင်းဦး လမ်းပိုင်း တစ်လျှောက် ကြေးနီကားတန်းကို ကင်းစောင့်ရန် ချောင်းဦး မြပုလဲဂိတ်မှ ၆ ဘီးကားဖြင့် လိုက်လာသော စစ်သား ၃ ဦးကို Area 71 peoples defense force မှ ရဲဘော်များက ကြိုတင် စောင့်ဆိုင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ကောင်း သိရသည်။
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိကာ ချောင်းဦးဘက်မှ လာသော ကား ၁ စီးဖြင့် မုံရွာမြို့ဘက်ကို သယ်ဆောင်သွားကြောင်း သိရှိရသည်။
“မိုင်းဆွဲ တိုက်ခိုက်ပြီး ချက်ခြင်း ပြန်လည် ဆုတ်ခွာလာရတာ စစ်ခွေး ၂ ကောင်သေတယ်ဆိုတာ ဒေသပြည်တွေ အတည်ပြုပေးမှ သိရတာ” ဟု Area 71 peoples defense force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။