33.1 C
Yangon

ဒဂုံဆိပ်ကမ်းတွင် အုပ်ချုပ်ရေးမှူးအိမ် ဗုံးပစ်ခံရမှု လာရောက်စစ်ဆေးသည့် စစ်တပ်ကို ဗုံး ၃ လုံးခွဲ ထပ်မံတိုက်ခိုက်ရာ ထိခိုက်မှုများနိုင်

Must read

ရန်ကုန်၊ ဧပြီ ၂၆

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ် ဗုံးပစ်ခံရ၍ လာရောက်စစ်ဆေး လုံခြုံရေး ယူပေးသည့် စစ်တပ်ကို ဗုံး ၄ လုံးခွဲ တိုက်ခိုက်ရာ ထိခိုက်မှုများနိုင်ကြောင်း တော်လှန်ရေး ရဲဘော်များထံမှ သိရှိရသည်။

ယနေ့ ည၇နာရီ၁၅မိနစ်ခန့်အချိန် ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ်၈၈ ရပ် ကွက်မှ စစ်ကောင်စီခန့် ရပ်ကွက် ဥက္ကဌ အိမ် ဗုံးဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် လာရောက် စစ်ဆေး လုံခြုံရေးယူပေးသော စစ်တပ်ကို ဗုံး ၄ လုံးခွဲပြီး ထပ်မံတိုက်ခိုက်ရာ ထိခိုက်မှုများနိုင်ကြောင်း သိရှိရသည်။

“ရပ်ကွက်ဥက္ကဋ္ဌ အိမ်ဗုံးပေါက်လို့ လာစစ်နေတဲ့ စစ်တပ်ကို ခုည ၉နာရီခွဲမှာ ဗုံး ၂ လုံးထပ်ခွဲတယ်။ စစ်ခွေး ထိခိုက်မှုများမယ်။ အသံအကျယ်ကြီး ကြားရတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သော တော်လှန်ရေးရဲဘော်ကမူ လာရောက်စစ်ဆေး လုံခြုံရေးယူသော စစ်တပ်ကို ဗုံး ၄ ခွဲ တိုက်ခိုက်ရာ ထိခိုက်မှုများနိုင်သည်ဟုဆိုသည်။

“ဒဂုံဆိပ်ကမ်း၊ ၈၈ရပ်ကွက် ဓမ္မရတနာလမ်း (ကျောက်လမ်း)မှာ ဗုံးကွဲ အထိ အခိုက်ရှိနိုင်တယ် လော လောဆယ်၄လုံး ကွဲတယ်။ ပထမတစ်လုံးပစ်အပြီး ဒုတိယ အလုံး အပစ်မှာ ဆိုင်ကယ် သမားတစ်ယောက် ရောက် လာတော့ ဗုံးကို ပြန်သိမ်းလိုက်တယ်။ ခနကြာတော့ မှ ပြန်ပစ်ခွဲနိုင်ခဲ့တာ။ နောက်နှစ်လုံးက စခ တွေ ရခ တွေ လာတဲ့ အချိန်မှ ခွဲလိုက်တာပါ။ အုပ်ကြီး အိမ်ကိုထုတာဟုတ်ပါတယ် ။ တောက်တဲ့ဆို့တဲ့ အုပ်ကြီးဟောင်း (အရင် လုပ်ကြံ ခံရ မသေ)သူတို့ အလာကို ထပ်စောင့်ရင်း ခွဲတာ ပါ” ဟု တော်လှန်ရေး ရဲဘော် က ပြောဆိုသည်။

ယခုညပိုင်းတွင် ရွှေပြည်သာ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်းများတွင် စစ်ကောင်စီတပ်ကို ဗုံးခွဲတိုက်ခိုက်မှုများနှင့်ပစ်ခတ်တိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article