By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၂၇ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ကို ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မနဲ့ စစ်ကောင်စီ ဖမ်းဆီးခဲ့ပြီး NLD အစိုးရဝန်ကြီး ၃ ဦးကိုလည်း ဦးချစ်ခိုင်နဲ့အမှုတွဲထားပြီး အဂတိပုဒ်မနဲ့ အမှုဖွင့်ထားပါတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
– အဆိုတော်အောင်လနဲ့ ၀ိုင်းစုခိုင်သိန်းတို့ကို ခံဝန်နဲ့ ပြန်လွှတ်မှုကို ကန့်ကွက်တယ်လို့ ဖက်ဆစ် စစ်လော်ဘီ ဟန်ငြိမ်းဦးက တယ်လီဂရမ်လူမှုကွန်ရက်မှာ လှုံ့ဆော်ခဲ့ပြီးနောက် ဧပြီလ ၂၅ ရက်နေ့ ညပိုင်းမှာ စစ်တပ်က ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။
– ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)က ဗိုလ်မှူးစောစလုံးတို့အဖွဲ့ကို KNDO ကွန်မန် ဒိုတပ်ရင်းအဖြစ် တည်ဆောက်ထူထောင်သွားမယ်လို့ KNDO ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။