30 C
Yangon

နွားထိုးကြီးမြို့နယ်၊ နဘူတောအလည်ရွာမှ ရွာသား ၃ ဦးကို စစ်တပ်က မီးရှို့ သတ်ဖြတ်

Must read

နွားထိုးကြီးမြို့နယ်၊ နဘူတောအလည်ရွာမှ ရွာသား ၃ ဦးကို စစ်တပ်က မီးရှို့ သတ်ဖြတ်

ရန်ကုန်၊ ဇွန် ၂၃

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နဘူတောအလည်ရွာမှ ရွာသား ၃ ဦးကို အကြမ်းဖက် စစ်တပ်က မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၁ ရက်နေ့တွင် နွားထိုးကြီးမြို့နယ်၊ နဘူတောအလည်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာနေ ပြည်သူ ၃ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ သတ်ဖြတ်ခဲ့သော နဘူတောအလည်ရွာသား ၃ ဦးမှာ ကိုဇော်အောင် ၊ ကိုအောင်နိုင်ဦး နှင့် ကိုစိုးပု တို့ ဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ မီးရှို့ သတ်ဖြတ်သွားတာ ကိုဇော်အောင်၊ ကိုအောင်နိုင်ဦး နဲ့ ကိုစိုးပု တို့ ၃ ဦးကို သတ်သွားတာ။ စစ်ခွေးတွေအခု ရွာတွေကို ဆက်တိုက်မီးရှို့နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article