28 C
Yangon

ပခုက္ကူမြို့နယ်၊ ရှင်မကန်ရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ သေနတ် ၆ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၂၅

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရှင်မကန်ရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ သေနတ် ၆ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း People’s Democratic Army – PDA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၂၀ ခန့်တွင် ပခုက္ကူမြို့နယ်၊ ရှင်မကန်ပျူစောထီးရွာ အခြေစိုက် ပျူစောထီး စစ်စခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၁၀ ဦး သေဆုံးပြီး မိနစ် ၅၀ ခန့် တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ ကာဘိုင်အမျိုးအစား သေနတ် ၄ လက် ၊ ဘီအေ (63) အမျိုးအစား သေနတ် ၁ လက် ၊ လက်လုပ်သေနတ် ၁ လက် ၊ ကာဘိုင်သေနတ်ပြောင်း ၂ ပြောင်း ၊ လက်ပစ်ဗုံး ၂ လုံး ၊ လမ်းလျှောက် စကားပြောစက် ၁ လုံး ၊ ခဲယမ်းကျည်မျိုးစုံ ၅၀၀ ဝန်းကျင်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦးကိုလည်း အရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ပျူစောထီး စခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်မှု အတွင်း တော်လှန်ရေးတပ်ပေါင်းစုဘက်မှ ရဲဘော် ဟီးရိုးလည်း အသက်ပေးကာ တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း သိရသည်။

“အဓိက ​ပြောချင်တာက​တော့ ကျ​နော်တို့ PDO/PDA အ​နေနဲ့ တိုက်ပွဲ​တွေ ဆက်တိုက်​ ဖော်​ဆောင်​နေပါတယ်။ သတင်းထုတ်မပြန်​သေးတာပဲရှိပါတယ်။ ​ရှေ့ဆက်ပြီးလည်း တိုက်ပွဲ​တွေ ရှိအုံးမှာပါ။ ခဲယမ်းမီး​ကျောက်​တော့လိုအပ်​နေပါတယ်” ဟု People’s Democratic Army – PDA မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) အပါဝင် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)၊ ဒေသခံ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် ပကဖ၊ ဓါးမင်းကြီး တပ်ဖွဲ့၊ MCKC PDF၊King Fighter (SGF)၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊ PDF Kanma တပ်ပေါင်းစု၊ Pauk Basic on Revolution Force (ဗိုလ်တစ္ဆအဖွဲ့)၊ Pauk ပကဖ Drone Team၊7 star (မြိုင် ပကဖ)၊ ဗိုလ်စနေ အဖွဲ့၊ Red Giant နဂါးနီ ၊ ကမ္မတော်လှန်ရေးတပ်ဦး KMRF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article