ဒီကနေ့ ဇွန် ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ ၂၄ ရက်ကြာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်တပ် ဘက်က ၄၀ ဦးထက်မနည်း သေဆုံးပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိကာ သေနတ် ၂၁ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF တပ်ဖွဲ့ဆီက သိရပါတယ်။
- ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နဲ့ မန္တလေးတိုင်း၊ မိုးကုတ် မြို့နယ်တို့မှာ TNLA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
- ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာက WFP ဂိုဒေါင်ကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပစ္စည်းတွေကို သယ်ယူကာ ခံစစ်ပြင်ဆင်နေတဲ့ဗီဒီယိုမှတ်တမ်းကို ရခိုင့်တပ်တော် – AA က ဇွန်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
