27 C
Yangon

စစ်ကိုင်းမြို့ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေး သင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးသူများပြား

Must read

ရန်ကုန်၊ ဇွန် ၂၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃ ရဲ လေ့ကျင့်ရေး သင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ ၂၀ ဦး သေဆုံးခဲ့ကြောင်း Sagaing District Drone Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် ခန့်တွင် စစ်ကိုင်းမြို့ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေး ကျောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ပြီး ရဲ ၂၀ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

“သေတာက ရဲတွေလို့ပဲ သိရတယ်၊ အယောက် ၂၀ သေတာ အတည်ဖြစ်တယ်။ အထိအခိုက်တွေ လည်း များတယ်။ တန်းစီပြီး အဆောင်ထဲဝင်သွားတဲ့အချိန် အဆောင်တွေ ပေါ်ချခဲ့တာ။ သေဆုံး ဒဏ်ရာ ရတဲ့သူတွေကို သယ်တာ ကား ၇ စီးနဲ့ စစ်ကိုင်းဆေးရုံထဲကို သယ် တယ်။ ညဘက်ကျတော့ လက်နက်ကြီးနဲ့ ရမ်းပစ်တာတွေရှိတယ်။ ရဲသင်တန်းကျောင်းဆိုတော့ သင်တန်းသား ရဲတွေပဲဖြစ် မှာပါ” ဟု Sagaing District Drone Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Sagaing District Drone Force – SDDF ၊ People’s knight Defense Force Myinmu (PKDF-MMU) ၊ Phoenix SGG ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၄ ၊ စစ်ကိုင်းခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ၊ MMU PDF ၊ တောတွင်းတွတ်ပီ ၊ SDP.camp-camp2 နှင့် စစ်ကိုင်းခရိုင် မစ်ဇိုင်းထုတ်လုပ်ရေး တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article