30 C
Yangon

မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ထိခိုက်မှုရှိ၊ ဒဏ်ရာရ ပျူစောထီးများကို ဆေးရုံသို့ ပို့ဆောင်စဉ် နင်းမိုင်းဖြင့် ထပ်မံ တိုက်ခိုက်ခံရပြီး ပျူစောထီးများ သေဆုံးမှုရှိ

Must read

မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ထိခိုက်မှုရှိ၊ ဒဏ်ရာရ ပျူစောထီးများကို ဆေးရုံသို့ ပို့ဆောင်စဉ် နင်းမိုင်းဖြင့် ထပ်မံ တိုက်ခိုက်ခံရပြီး ပျူစောထီးများ သေဆုံးမှုရှိ

ရန်ကုန်၊ ဇွန် ၂၈

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ပျူစောထီးများ ထိခိုက်မှုရှိကြောင်း မြိုင်မြို့နယ် ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၆ ရက်နေ့ ညပိုင်းတွင် ဝက်ပုတ်ရွာရှိ ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပျူစောထီးများ ထိခိုက် ဒဏ်ရာရရှိမှု ရှိကြောင်း သိရသည်။

အဆိုပါ ပျူစောထီးများကို ဆေးကုသရန် ဝက်ပုတ်ရွာမှ စက်မှုသို့ ပို့ဆောင်စဉ် တော်လှန်ရေး တပ်ဖွဲ့များက နင်းမိုင်းများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ပြီး ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“ဝက်ပုတ်ရွာကို တိုက်ခိုက်ခဲ့တဲ့ နောက်ဆက်တွဲ သိရတာတော့ ပြည်သူတွေဆီက မတရားသိမ်းဆီးထားတဲ့ ကား ၂ စီးရော ပျက်စီးသွားတယ်။ နွား ၁ ကောင်သေတယ်။ ပျူ ၂ ကောင် ဒဏ်ရာရတယ်။ အဲဒဏ်ရာရတဲ့ ပျူကို ဆေးကုဖို့ ဝက်ပုတ်ရွာကနေ စက်မှုကို အသွား ပျူတွေ နင်းမိုင်းထိလို့ နောက်ပြန်ဆုတ်သွားတယ်။ နင်းမိုင်းမိတာ နောက်ထပ် ဒဏ်ရာများစွာနဲ့ သေဆုံးနိုင်တယ်” ဟု မြိုင်မြို့နယ် ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article