26 C
Yangon

မိုးကုတ်မြို့နယ်၊ အရှေ့ပိုင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဥယျာဉ်ကျောင်းတိုက်မှ အသက် ၁၃ နှစ်အရွယ် ကိုရင်ကုသလ ပျံလွန်တော်မူ

Must read

မိုးကုတ်မြို့နယ်၊ အရှေ့ပိုင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဥယျာဉ်ကျောင်းတိုက်မှ အသက် ၁၃ နှစ်အရွယ် ကိုရင်ကုသလ ပျံလွန်တော်မူ

ရန်ကုန်၊ ဇွန် ၂၉

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ အရှေ့ပိုင်း၊ ရှမ်းစုရပ်တွင် စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဥယျာဉ်ကျောင်းတိုက်မှ အသက် ၁၃ နစ်အရွယ် ကိုရင်ကုသလ ပျံလွန်တော်မူကြောင်း အဆိုပါကျောင်းတိုက်မှ ဒါယကာတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်း စစ်တပ်က လက်နက်ကြီးဖြင့် လူနေရပ်ကွက်များကို ပစ်ခတ်ရာ မိုးကုတ်မြို့နယ်၊ အရှေ့ပိုင်း၊ ရှမ်းစုရပ်၊ ဥယျာဉ်ကျောင်းတိုက်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကြောင်း၊ ကိုရင် ၅ ပါး ထိမှန်ဒဏ်ရာရသည့်အနက်မှ ကိုရင်ကုသလမှာ သွေးထွက်လွန်၍ ပျံလွန်တော်မူခြင်းဖြစ်ကြောင်း သိရှိရသည်။

“လက်နက်ကြီးထိမှန်တဲ့ ကိုရင် ၅ ပါးမှာ ကိုရင် ကုသလက ခေါင်းကို ထိတာ။ အဲဒီမှာ သွေးထွက်လွန်ပြီး ပျံလွန်တောမူတယ်။ ကျန်တဲ့ ကိုရင်တွေကတော့ ဒဏ်ရာရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” ဟု ဒါယကာတစ်ဦးက ပြောဆိုသည်။

ဇွန်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်ကလည်း မိုးကုတ်အနောက်ပိုင်း၊ အောင် သုခ ရပ်ကွက်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အမျိုး သမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်း မိုးကုတ်မြို့နယ်၊ အနောက်ပိုင်း ဂေါင်းဦးဘာဇလီဖားပင်ဘက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သံများထွက်ပေါ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article