28 C
Yangon

လားရှိုးမြို့နှင့် ဆက်သွယ်ထားသည့် တံတား ၂ စင်း အပါအဝင် တံတား ၅ စင်းကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီး

Must read

လားရှိုးမြို့နှင့် ဆက်သွယ်ထားသည့် တံတား ၂ စင်း အပါအဝင် တံတား ၅ စင်းကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီး

ရန်ကုန်၊ ဇွန် ၂၉

အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့နှင့်ဆက်သွယ်ထားသည့် တံတား ၂ စင်း အပါ အဝင် တံတား ၅ စင်းကို မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၇ ရက်နေ့ လားရှိုးမြို့နယ် မန်စံရေကျ၊ မန်ပွဲ – လားရှိးဆက်သွယ်ထားသည့် တံ တား ၂ စင်းကို စစ်ကောင်စီတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါတံတားသည် မန်စံရေကျကြိုးတံတားနှင့် ခိုလိတ်ရထားလမ်းတံတားတို့ ဖြစ်ပြီး ခိုလိတ်၊ မန်းပွဲ၊ မန်းပွဲလုံ၊ မန်းပွဲဘူတာ စသည့်ကျေးရွာများမှ အများပြည်သူအသုံးပြုသည့်တံတားဖြစ်ကြောင်း၊ တံတားပျက်စီး သွားခြင်းကြောင့် ဒေသတွင်း အရပ်သားပြည်သူများ သွားလာရေးနှင့် ရိက္ခာသည်ယူရေးတို ရပ်တန့်ခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၂၅ ရက်နေ့ကလည်း အများပြည်သူအသုံးပြုသည့် ခိုလိတ်အုပ်စုရှိ မန်ပွဲရွာတံတား၊ ဆွတ်လန်းတံတားနှင့် မန်စံရေကျတံတားတို့ကိုလည်း စစ်တပ်က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဇွန်လ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီက လားရှိး – မိုင်းယော်လမ်းပေါ်ရှိ ကောင်းဟုန်းရွာ၊ နမ့်ဖရွာနှင့် မန်နားရွာများ ဖြတ်သွားသည့်လမ်းမကြီး ၃နေရာကို ကန့်လန့်မြောင်းဖောက်ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article