29 C
Yangon

ဆောထိမြို့နယ်၊ ကောက်မဲ့သူရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

Must read

ဆောထိမြို့နယ်၊ ကောက်မဲ့သူရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၉

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်ရှိ ကောက်မဲ့သူရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၄ မိနစ်ခန့်တွင် ဆောထိမြို့နယ်အတွင်းရှိ ကောက်မဲ့သူကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦး အသက် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ထိခိုက်သေဆုံးခဲ့ရသော ပြည်သူ ၇ ဦး အနက် ၄ ဦးမှာ ကျောက်ကြီးမြို့ မေတ္တာ ရပ်ကွက်တွင် နေထိုင်သော ထွန်းလင်းအောင်၊ အသက် ၄၄ နှစ် အရွယ် စောသတော၊ အသက် ၁၇ နှစ်အရွယ် စောကော်မူးသ နှင့် အသက် ၄၉ နှစ် အရွယ် အောင်နိုင်ဌေး တို့ဖြစ်ပြီး ၎င်းတို့ အပြင် အသက် ၃၅ နှစ် အရွယ် ဇော်လင်းကိုကို၊ အသက် ၃၁ နှစ် အရွယ် ထွန်းသက်လွင်အောင် နှင့် အသက်အရွယ် ၂၃ နှစ်အရွယ် ကောင်းထက်ကျော် တို့ ၃ ဦး စုစုပေါင်း ၇ ဦး အသက် သေဆုံးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article