26 C
Yangon

စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးများကျဲချ၊ မြို့နယ်ထွေ/အုပ်ရုံး၊ ရဲစခန်းနှင့် စစ်တပ်အထိုင်စခန်းများကို PDF က ဒရုန်းဖြင့် ဗုံးကျဲ

Must read

စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးများကျဲချ၊ မြို့နယ်ထွေ/အုပ်ရုံး၊ ရဲစခန်းနှင့် စစ်တပ်အထိုင်စခန်းများကို PDF က ဒရုန်းဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဇူလိုင် ၁

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက တိုက် လေယာဉ်ဖြင့် ဗုံးများကျဲချနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာတွင် တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာမှ PDF များနှင့်တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် စစ် တပ်က အထိနာသဖြင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ ယင်းပတ်ဝန်းကျင်အနီးမှ ကားလမ်းများ ပိတ်နေပြီး ခရီးသွားကားများ ပိတ်မိနေကြောင်း သိရှိရသည်။

” စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာမှာ တိုက်ပွဲဖြစ်နေတာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ လာဗုံးကျဲတာ နွယ်ရုံကျေးရွာထဲကို ဗုံး ၂ လုံးကျရောက်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဇွန်လ ၃၀ ရက်နေ့ စဉ့်ကူးမြို့နယ်၊ ထွေ/အုပ်ရုံး၊ ရဲစခန်းနှင့် အားကစားခန်းမအဆောင်တို့ကို တော်လှန်ရေးတပ်များကဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်တွင် အထိုင်ချကာ ပြည်သူများကို အတင်းအဓမ္မ ငွေညစ် တောင်း နေသော စစ်ကောင်စီတပ်များ အခြေစိုက် တပ်စွဲထားရာ စဉ့်ကူးမြို့နယ် ထွေအုပ်ရုံး၊ ရဲစခန်း နှင့် အား ကစားခန်းမအတွင်းသို့ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ဒရုန်းဖြင့် ဗုံး ၁၆ လုံး ကျဲချခဲ့ကြောင်း၊ စစ် တပ် ဘက်မှ သေဆုံးထိခိုက်မှုများရှိနိုင်ကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေးကို ပြင်ဦးလွင်ခရိုင် ဒရုန်းတာဝန်ခံ နှင့် ခရိုင် ဒရုန်းအဖွဲ့တို့က ဦးစီး ညွန်ကြားကာ သပိတ်ကျင်းမြို့နယ် ဒရုန်းအဖွဲ့ ၊ စဉ့်ကူးမြို့နယ် ဒရုန်းအဖွဲ့ နှင့် မတ္တရာ မြို့နယ် ဒရုန်းအဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ တိုက်လေယာဉ်တွင် ဒုံးကျည်များကို တပ်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article