26 C
Yangon

မကွေးထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေး အကျဉ်းသားများကို ထောင်ပြောင်းရွေ့ပြီး အလုပ်ကြမ်းများ ခိုင်းစေရန် လုပ်ဆောင်နေ၍ မိသားစုဝင်များ စိုးရိမ်နေ

Must read

မကွေးထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေး အကျဉ်းသားများကို ထောင်ပြောင်းရွေ့ပြီး အလုပ်ကြမ်းများ ခိုင်းစေရန် လုပ်ဆောင်နေ၍ မိသားစုဝင်များ စိုးရိမ်နေ

ရန်ကုန်၊ ဇူလိုင် ၁

မကွေးအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေး အကျဉ်းသားများကို ထောင်ပြောင်းရွေ့ပြီး အလုပ်ကြမ်းများ ခိုင်းစေရန် လုပ်ဆောင်နေ၍ မိသားစုဝင်များ စိုးရိမ်နေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

လက်ရှိချိန်တွင် အကျဉ်းထောင်အတွင်း ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုကာ ရှေ့တန်းအလုပ်ကြမ်းများ လုပ်ရမည်ဟူ၍ ခြိမ်းခြောက် ပြောဆိုနေကြောင်း သိရသည်။

ထို့ပြင် နိုင်ငံရေး အကျဉ်းသားများကို ထောင်အပြောင်းအရွှေ့များ လုပ်ဆောင်ရန် စိုင်းပြင်းနေမှုများလည်း ရှိနေ၍ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များမှာ စိုးရိမ် ပူပန်လျက်ရှိကြောင်း သိရှိရသည်။

“အခု ရက်ပိုင်းအတွင်းမှာပဲ ဟိုရွှေ့ ဒီရွှေ့အပြောင်းအရွှေ့တွေ များတယ်။ အလုပ်ကြမ်း စခိုင်းဖို့ လုပ်နေတယ်။ နိုင်ငံရေးအကျဉ်းသားတွေဆို မိုက်မိုက်ရိုင်းရိုင်းဆံဆိုတာတွေ လုပ်နေတယ်”ဟု မကွေးအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article