30 C
Yangon

လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲ ၃ နေရာဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၄

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲ ၃ နေရာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ အတည်ပြုပြောကြားသည်။

ယနေ့ ဇူလိုင်လ ၄ ရက် နံနက် ၅ နာရီခန့်ကစ၍ လွိုင်ကော်မြို့၊ မိုင်းလုံရပ်ကွက်၊ မြကလပ်တောင်တို့ တွင်တိုက်ပွဲဖြစ်ခဲ့ပြီး မိုင်းလုံရပ်ကွက်နှင့်မြကလပ်တောင်တိုက်ပွဲသည် နံနက် ၉ နာရီအချိန်အဖြစ်ခဲ့ ကာ နမ့်ဘော်ဝမ်ရပ်ကွက်တိုက်ပွဲသည် ကြာမြင့်ခဲ့ပြီး ယခုအချိန်အထိ ဆက်လက်ဖြစ်ပွားမှုရှိ၊ မရှိ မသိရသေးကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“ဖြစ်တာဟုတ်ပါတယ်၊ မိုင်းလုံရပ်ကွက်၊ နောက်ပြီးတော့ မြကလပ်တောင်၊ နန့်ဘော်ဝမ်၊ နမ့်ဘော် ဝမ်က ၅၄ နဲ့ မြကလပ်တောင်ကြားမှာ အဲဒီ ၃ နေရာမှာ ဖြစ်ပါတယ်။ မြကလပ်တောင်နဲ့ မိုင်လုံ ဘက်ကတော့မဖြစ်တော့ဘူး၊ မနက် ၈ နာရီ ၉ နာရီအထိတော့ဖြစ်တယ်။ ကြတာက နမ့်ဘော်ဝမ်မှာ ကြာတယ်လို့ပြောတယ်။ တိုက်ပွဲတွေဖြစ်သေးတယ်ပေါ့၊ ဒါပေမယ့်အခုတော့ဘယ်လိုနေလဲ မသိဘူး။ အဆက်အသွယ်မရသေးဘူး။ စကစကထွက်လာလို့ဖြစ်တာမဟုတ်ဘူး။ နည်းနည်းနေရာတိုးချဲ့တော့ ဝင်တိုက်တာ။ ရန်သူတော့ တချို့သေတယ်လို့ ပြောတယ်။ လက်နက်တွေရမလားမသိဘူး” ဟု ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသ်ည။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ ၁၁၁၁ စစ်ဆင်ရေးအဖြစ် KA ၊ KNDF ပူးပေါင်း တပ်ဖွဲ့များက လွိုင်ကော်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၇ လကျော်ကြာမြင့်သည်အထိ အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိသေးပဲ ထွက်ပြေးနေရသော လွိုင်ကော်မြို့နေ ပြည်သူများမှာ ပြန်လည် ဝင် ရောက် နေထိုင်မှုရှိသဖြင့် အကြမ်းဖက်စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရန် ပြန် လည်ကြိုးစားလာမှုရှိကြောင်း သိရသည်။

“ပြည်သူတွေ ပြန်ဝင်နေတာကတော့ နမ့်ဘော်ဝမ်ရပ်ကွက်မှာများမယ်။ မြကလပ်တောင်တို့ မိုင်းလုံ ဘက်တို့တို့ မရှိဘူးလို့ ထင်တယ်လေ။ ဒီမှာက အခြေအနေက မအေးသေးတော့ သူတို့အနေနဲ့ မပြန်သေးရင်ကောင်းတာပေါ့။ စစ်ပြီးမှပဲ ပြန်လာနေရင်ကောင်းတာပေါ့၊ အဲဒီနမ့်ဘော်ဝမ်ဘက်မှာ ပြန်နေတဲ့ပြည်သူတွေကို အဲလိုပဲမှာချင်တယ်” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြော ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ဘက်မှ ဆီဆိုင်မြို့ဘက် ကိုဖြတ်ကာ မိုးဗြဲ -လွိုင်ကော်လမ်းမကြီးအတိုင်း လွိုင်ကော်မြို့ကို စစ်အင်အားဖြည့်တင်းရန် ကြိုးစား မှုရှိနေပြီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် မိုးဗြဲ -လွိုင်ကော်လမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွား မှုရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article