27 C
Yangon

ရေစကြိုမြို့ပေါ်တွင် စစ်တပ်စစ်ကြောင်းကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

Must read

ရေစကြိုမြို့ပေါ်တွင် စစ်တပ်စစ်ကြောင်းကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၆

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်၊ အမှတ် ၈ ရပ်ကွက်၊ အထက ၁ ကျောင်းရှေ့တွင် လက်နက်ကိုင်ပြီး ကင်း စောင့်နေသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို အလစ်အငိုက် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ရေစကြိုမြို့၊ အမှတ် ၈ ရပ်ကွက်၊ အထက ၁ ကျောင်းရှေ့တွင် ကင်းစောင့်နေသော အကြမ်း ဖက်စစ်သား၊ ပျူစောထီး ၃ ဦးကို အ လစ်အငိုက် ပြောက်ကျားနည်းဗျူဟာသုံး၍ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးနှင့် ပျူစောထီး ၁ ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

“သူတို့က ကျောင်းကိုလာစောင့်တဲ့သူတွေ၊ အတွင်းထဲမှာလည်း ရှိတယ်၊ တစ်ခါတလေ ၇ ယောက် ၊ တစ်ခါတလေ ၁၀ ယောက်ကျော်တယ်။ တစ်ခါ တလေတော့လည်း ၂၀ လောက်အထိ ရှိတတ်တယ်။ ကျောင်းရဲ့အပြင်ဘက်မှာတော့ ၃ ယောက်ပဲ ပုံမှန်စောင့်တာ၊ အဲဒီ ၃ ယောက်ကိုပဲ အဓိက ပစ်ခတ် ခဲ့တာပါ။ သေနတ် ၃ လက်ကို လိုချင်လို့၊ ဒါပေမယ့် ပစ်နေရင်းနဲ့ သေနတ် ဂျန့်ဖြစ် သွားတဲ့အတွက် လက်နက်မကောက်နိုင်ခဲ့ဘူး။ ၂ ယောက်ကတော့ သေသွားတာပေါ့၊ အတွင်းထဲက စစ်သားတွေ၊ ရဲတွေကိုတော့ မပစ်ခဲ့ပါဘူး။ အထဲမယ် ကျောင်းသားတွေလည်းရှိ နေတော့ ကျောင်းသားတွေထိမှန်သွားမှာစိုးလို့ပါ”ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးအများအပြား ရောက် ရှိလာကာ အနီးအနားရှိပြည်သူများကို ရိုက်နှက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) နှင့်အတူ YSO TPG မြိုပြပြောက်ကျား တပ် ဖွဲ့၊ ရေစကြိုမြို့နယ် ပလဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article