27 C
Yangon

စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် စစ်တပ် ထောက်တိုင် ဦးပြူး ပိုင်ဆိုင်သော ဆီဆိုင်နှင့် ကုန်မာဆိုင်တို့ မီးလောင်နေ

Must read

စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် စစ်တပ် ထောက်တိုင် ဦးပြူး ပိုင်ဆိုင်သော ဆီဆိုင်နှင့် ကုန်မာဆိုင်တို့ မီးလောင်နေ

ရန်ကုန်၊ ဇူလိုင် ၆

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ် ထောက်တိုင် ဦးပြူး ပိုင်ဆိုင်သော ဆီဆိုင်နှင့် ကုန်မာဆိုင် မီးလောင်နေကြောင်း စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂ဝ မိနစ်ခန့်တွင် စဉ့်ကူးမြို့နယ် ၊ ရွှေပြည်ကျေးရွာတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်တပ် ထောက်တိုင် ဦးပြူး၊ ဒေါ်ခင်မာမြိုင် ပိုင်ဆိုင်သော စူပါနိုင်း ဆီဆိုင်နှင့် ကုန်မာဆိုင်တို့ မီးလောင်နေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးနေရပြီး ပြည်သူများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“တိုက်ပွဲကတော့ ဆက်လက် ဖြစ်ပွားနေတုန်းပဲ စစ်ခွေးတွေက လေကြောင်းနဲ့ ဗုံးကျဲနေတယ်။ စစ်ခွေးထောက်တိုင် ဦးပြူး၊ ဒေါ်ခင်မာမြိုင် ပိုင်ဆိုင်တဲ့ စူပါနိုင်း ဆီဆိုင်နဲ့ ကုန်မာဆိုင်ကတော့ ဗုံးကျဲခံရပြီး မီးလောင်နေတယ်” ဟု စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article