27 C
Yangon

NUG၊ CRPH နှင့် PDF ကို အကြမ်းဖက် အဖွဲ့များအဖြစ် တရုတ် အပါအဝင် စစ်ကောင်စီ ၏ မိတ်ဆွေ နိုင်ငံများက သတ်မှတ်ကြေညာရေး စစ်ခေါင်းဆောင်များက ကြိုးပမ်းနေ

Must read

NUG၊ CRPH နှင့် PDF ကို အကြမ်းဖက် အဖွဲ့များအဖြစ် တရုတ် အပါအဝင် စစ်ကောင်စီ ၏ မိတ်ဆွေ နိုင်ငံများက သတ်မှတ်ကြေညာရေး စစ်ခေါင်းဆောင်များက ကြိုးပမ်းနေ

ရန်ကုန်၊ ဇူလိုင် ၇

အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ CRPH နှင့် PDFတို့ကို တရုတ်နိုင်ငံ အပါ အဝင်စစ်ကောင်စီ၏ မိတ်ဆွေနိုင်ငံများက အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ကြေညာရေးအတွက် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ခေါင်းဆောင်များက ကြိုးပမ်းနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၁ ခုနစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နိုင်ငံတော်အာဏာကို မတရားရယူပြီးနောက် အကြမ်းဖက် စစ်ကောင်စီက NUG ၊ CRPH နှင့် PDF တို့ကို နိုင်ငံတကာက အကြမ်းဖက် အဖွဲ့များအဖြစ် သတ်မှတ်ကြေညာနိုင်ရေး နိုင်ငံ တကာ ရဲတပ်ဖွဲ့ အင်တာပိုလ်မှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်က စစ်ကောင်စီ၏ ကြိုးပမ်းမှုကို အသိအမှတ်မပြုခဲ့သဖြင့် NUG ၊ CRPH နှင့် PDF တို့ကို အကြမ်း ဖက်အဖွဲ့များအဖြစ် သတ်မှတ်ကြေညာနိုင်ရေးမှာ အထမြောက်ခြင်းမရှိဘဲ ပယ်ပျယ်သွားခဲ့ကြောင်း၊ သို့ရာတွင် လက်ရှိ စစ်ကောင်စီနှင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော တရုတ်နိုင်ငံ အပါအဝင် မိတ်ဆွေနိုင်ငံများက NUG ၊ CRPH နှင့် PDF တို့ကို အကြမ်း ဖက်အဖွဲ့များအဖြစ် ကြေညာသတ်မှတ်ရေးအတွက် စစ်ကောင်စီက ကြိုးပမ်း နေကြောင်း သိရှိရသည်။

“နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်က တစ်ဆင့် ဆောင်ရွက်ခဲ့တာက မအောင်မြင်ခဲ့ဘူး။ ဒါကြောင့် အခုက နောက်တစ်ဆင့်လျှော့ပြီး မိတ်ဆွေနဲ့ မိတ်ဖက်နိုင်ငံတွေကနေ NUG ၊ CRPH နှင့် PDF တို့ကို အကြမ်းဖက်အဖွဲ့တွေ အဖြစ် သတ်မှတ် ကြေညာတာမျိုး လုပ်ပေးဖို့ ဒီဘက်က ကြိုးပမ်းနေတာရှိပါတယ်။ မိတ်ဖက်ဆိုတာ တရုတ်နိုင်ငံ၊ ရုရှား အပါအဝင် အခု ဆက်ဆံရေး အဆင်ပြေနေတဲ့ မိတ်ဖက်နိုင်ငံတွေ အားလုံးပါဝင်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက်စစ်ခေါင်းဆောင်များ၏ ညွှန်ကြားချက်ဖြင့် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက NUG နှင့် PDF တို့ ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရသော ပြည်သူများစာရင်းနှင့် အကြမ်းဖက်ဖောက်ခွဲတိုက် ခိုက်မှုများဟု ဆိုသော တစ်ဖက်သတ် စွပ်စွဲထားသည့် လစဉ် အစီ ရင်ခံစာများကိုလည်း ကုသလမဂ္ဂ၊ နိုင်ငံတကာသံရုံးများ၊ ဥရောပသမဂ္ဂ၊ အာဆီယံအဖွဲ့၊ မိတ်ဖက်နိုင်ငံများသို့ ပေးပို့လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article