28 C
Yangon

မန္တလေးစည်ပင်သာရေးကော်မတီလက်အောက်ခံ အသက် ၄၀ နှစ်အောက် အမျိုးသားဝန်ထမ်းများ ပြည်သူ့စစ်သင်တန်း တက်ရမည်

Must read

မန္တလေးစည်ပင်သာရေးကော်မတီလက်အောက်ခံ အသက် ၄၀ နှစ်အောက် အမျိုးသားဝန်ထမ်းများ ပြည်သူ့စစ်သင်တန်း တက်ရမည်

ရန်ကုန်၊ ဇူလိုင် ၇

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ လက်အောက်ခံ အသက် ၄၀ နှစ်အောက် အမျိုးသားဝန်ထမ်းများအားလုံး စစ်ကောင်စီက ဖွင့်လှစ်မည့် ပြည်သူ့စစ်သင်တန်းတက်ရောက်ရမည်ဖြစ်ကြောင်း စည်ပင်ဝန်ထမ်းတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။

ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သည့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အစည်း အဝေးတွင် ထိုသို့ စည်ပင်ဝန်ထမ်းတချို့ကို ပြည်သူ့စစ်သင်တန်းပေးမည်ဖြစ်ကြောင်း တရားဝင် အသိပေး လာခြင်းဖြစ်ကြောင်း သိရှိရသည်။

လတ်တလောတွင် မန္တလေးစည်ပင်သာယာရေးကော်မတီလက်အောက်ရှိ ဌာနများမှ ကျန်းမာရေးကောင်းမွန်သူ၊ အသက် ၄၀ နှစ်အောက်ဖြစ်သူများကို စာရင်းကောက်ယူနေပြီဖြစ်ကြောင်း၊ အဆိုပါ စာရင်းကောက်ယူခံရသူများသည် စစ်သင်တန်းတက်ရောက်ပြီး မန္တလေးမြို့ကို ကာကွယ်ရေးနှင့် စစ်ကောင်စီ၏ ရှေ့တန်းစစ်မျက်နှာပြင် တချို့တွင်ပါ ပူးတွဲ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

“ပြည်သူ့စစ်သင်တန်းတက်ခိုင်းတယ်။ မန်းစည်ပင်ဌာနတိုင်းမှ အမျိုးသားဝန်ထမ်း အသက် ၄၀အောက်၊နဲ့ ကျန်းမာရေးကောင်းမွန်သူတွေကို စာရင်းကောက်တယ်။ သင်တန်းဆင်းပြီးရင် မန္တလေးမြို့ လုံခြုံရေးအပြင် ရှေ့တန်းကိုလည်း တချို့လိုက်ရမယ်ပြောတယ်။ အခုတော့ စာရင်းတွေယူသွားပြီ” ဟု မန္တလေးစည်ပင်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့ စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို စစ်မှုထမ်းများအဖြစ် စုဆောင်းသင်တန်းပေးနေသည့်အပြင် ဝန်ထမ်းများကိုလည်း ပြည်သူ့စစ်သင်တန်းများပေးကာ လက်နက်တပ်ဆင်၍ ရှေ့တန်းတွင် အသုံးပြုရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မန္တလေးတိုင်းမှ ပြည်သူ့စစ်သင်တန်းဆင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article