28 C
Yangon

လောင်းလုံးတွင် 7 July ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်ချီတက် သပိတ်မှောက်

Must read

လောင်းလုံးတွင် 7 July ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်ချီတက် သပိတ်မှောက်

ရန်ကုန်၊ ဇူလိုင် ၇

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့ ဇူလိုင်လ ၇ ရက် နံနက်ပိုင်းတွင် 7 July ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်ချီတက် သပိတ်မှောက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၏ အဖွဲ့ဝင်အင်အားစုတခုဖြစ်သည့် လောင်းလုံးမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ၊ အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ(လောင်းလုံးမြို့နယ်)က ဦးဆောင်ပြီး သမဂ္ဂခွပ်ဒေါင်းအလံတော်ကို အလေးပြုခြင်းနှင့် အဲဒီအခမ်းအနားကို စတင်ခဲ့ကာ 7 July အရေးတော်ပုံအတွင်း ကျဆုံးသွားခဲ့ကြသည့် ကျောင်းသားအာဇာနည်တွေကို အလေးပြုခြင်း၊ 7 July အရေးတော်ပုံ အထိမ်းအမှတ် အမှတ်တရစကားပြောကြားခြင်းနှင့် ကဗျာရွတ်ဖတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article