28 C
Yangon

ပေါက်မြို့နယ်၊ ကပစ ၂၄ သို့ လျှပ်စစ်ဓာတ်အား ပေးပို့နေသည့် ထရမ်စဖော်မာကို ဒရုန်းဖြင့် ဗုံးကျဲမှု ထရမ်စဖာ ပျက် စီး၊ စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ကျေးရွာ ၇ ခု မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရ

Must read

ပေါက်မြို့နယ်၊ ကပစ ၂၄ သို့ လျှပ်စစ်ဓာတ်အား ပေးပို့နေသည့် ထရမ်စဖော်မာကို ဒရုန်းဖြင့် ဗုံးကျဲမှု ထရမ်စဖာ ပျက် စီး၊ စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ကျေးရွာ ၇ ခု မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရ

ရန်ကုန်၊ ဇူလိုင် ၈

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကပစ ၂၄ နှင့် ပျဉ်းမရွာ လျှပ်စစ်အထိုင် ထရမ်စဖော်မာကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထရမ်စဖော်မာထိခိုက်ပျက်စီးခဲ့ ကြောင်း မြိုင်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီ ၃ မိနစ်အချိန်မှ ည ၁၀ နာရီအချိန်အထိ အညာဒေသ စစ်ဆင်ရေးအဖြစ် ပေါက်မြိုနယ် ကပစ ၂၄ ကို ဒရုန်း ဗုံး သီး ၁၀၀ ကျော်၊ ရော့ ကတ်မြောက်များစွာ၊ တပ်ဖွဲ့ဝင်အင်အား အများအပြားဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကာကွယ်ရေး စက်လက်နက်ပစ္စည်းများ ထုတ်လုပ်ရေး စက်ရုံ – ကပစ ၂၄ ၊ ၂၃ နှင့်အခြား ကပစ တို့အတွက် အဓိကလျှပ်စစ်ပေးပို့နေသည့် ပေါက်မြို့နယ်၊ ပျဉ်းမကျေးရွာ လျှပ်စစ်အထိုင် ထရမ်စဖော်မာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အကြမ်းဖက် စစ်သားများရှိရာ အနီးသို့ ချဉ်းကပ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်မှုအတွင်း လျှပ်စစ်အထိုင် ထရမ်စဖော်မာ ပျက်စီးပြီး လျှပ်စစ်ဓာတ်အား ဆက်လက် ပေး ပို့ နိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ၊ ပေါက်ပကဖ၊ ဦးလေးကြီး ရော့ကတ်တပ်ဖွဲ့၊ မိုးမိတ်ရော့ကတ် တပ်ဖွဲ့၊ ဘာမထီ ပြောက်ကျားတပ်ဖွဲ့၊ နှင်းကွေး ရော့ကတ်အဖွဲ့၊ မြိုင်/ပေါက် ဒရုန်း တပ်ဖွဲ့များ၊ BRAF Drone Team၊ ဗိုလ်လရောင်တပ်ဖွဲ့ (ပေါက်) နှင့် မွေပြွေးပြောက်ကျားတပ်ဖွဲ့ (ပေါက်မြို့နယ်) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန် အကြမ်းဖက်စစ် ကောင်စီ ၏ ဂျက်ဖိုက်တာလေယာဉ်တစ်စီးက ပေါက်မြို့နယ်၊ ကျွန်းကိုင်းကျေးရွာသို့ ရော့ကတ်ဗုံး သီး များ ကျဲချတိုက် ခိုက်ခြင်း၊ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် ဒုတိယအကြိမ် ဗုံးကျဲတိုက်ခိုက်ခြင်း လုပ်ဆောင်ခဲ့ပြီး ကပစ ၂၄ တပ်က လည်း ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် မြောက်များစွာ ပစ်ခတ်ခဲ့ ကြောင်း၊ ထို့အပြင် ပေါက်မြို့နယ်၊ ဆူးပုတ်ခုံနှင့် ပျဉ်းမဆိုဒ်အတွင်းရှိ အကြမ်း ဖက်စစ်ကောင်စီတပ် ကလည်း ၁၂၀ မမ၊ ၁၂၂ မမ၊ ၈၁ မမ လက်နက်ကြီးများဖြင့် အနီးအနားပတ်ဝန်းကျင်ကျေးရွာများကို အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်သားများ၏ လေကြောင်း၊ လက်နက်ကြီများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် အနီး အနားရှိ ကျေးရွာ ၇ ရွာမှ ပြည်သူများသည် ဘေးလွတ်ရာ တောတောင်များသို့ ပုန်းအောင်းတိမ်း ရှောင်နေရကြောင်း မြိုင်ပကဖက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ အနေဖြင့် ပတ်ဝန်းကျင်ကျေးရွာများနှင့် ပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိ ဆက်လက် တိုက်ခိုက်နေမည်ဆိုပါက ကပစ ဝန်းအတွင်းအထိ ဝင်ရောက်တိုက် ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ စစ်ကြောင်းသတင်း၊ လေကြောင်း သတင်းများ နားစွန့်နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article