33 C
Yangon

သံတောင်မှ တောင်ငူကို ဆင်းလာသည့် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား

Must read

သံတောင်မှ တောင်ငူကို ဆင်းလာသည့် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား

ရန်ကုန်၊ ဇူလိုင် ၈

ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အစပ်ရှိ သံတောင်မြို့မှ တောင်ငူမြို့ကို ဆင်းလာသည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ တပ်ရင်း ၅ (Thawthikho) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် သံတောင် ၁၃ မိုင်မှ တောင်ငူ သို့ ဆင်းလာသော အကြမ်းဖက် စစ်တပ်၏ စစ်ကား ၃ စီးပါ ယာဉ်တန်းကို KNLA တပ်မဟာ ၂ တပ်ရင်း ၅ ပူးပေါင်းတပ်များက ၅ မိုင် နှင့် ၆ မိုင် အကြား သစ်ပုံကို ရောက်ရှိချိန်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရှိရသည်။

“ပြောက်ကျားပဲ တိုက်ခိုက်တာ ဆိုတော့လေ စစ်ခွေး အနည်းဆုံး ၂၀ လောက်သေတယ်။ စစ်ဆင်ရေး မဟုတ်ဘူး။ ကိုယ့်လူအင်အားနဲ့ ဆိုတော့ ပြောက်ကျားပဲ လုပ်ဆောင်နိုင်ခဲ့တော့ လက်နက်ကလိုချင်တယ် မကောက်နိုင်ခဲ့ဘူး” ဟု KNLA တပ်မဟာ ၂ တပ်ရင်း ၅ (Thawthikho) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article