30 C
Yangon

မိုးမိတ်မြို့နယ်ရှိ စစ်စခန်း ၃ ခုကို TNLA က ထပ်မံ သိမ်းပိုက် လိုက်ပြီး နောင်ချို၊ သီပေါနှင့် မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

Must read

မိုးမိတ်မြို့နယ်ရှိ စစ်စခန်း ၃ ခုကို TNLA က ထပ်မံ သိမ်းပိုက် လိုက်ပြီး နောင်ချို၊ သီပေါနှင့် မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ရန်ကုန်၊ ဇူလိုင် ၈

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း ၃ ခုကို TNLA က ထပ်မံ သိမ်းပိုက် လိုက်ပြီး နောင်ချို၊ သီပေါနှင့် မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၄ နာရီ ၄၄ မိနစ်ခန့်တွင် နောင်ချိုမြိုနယ်တွင် တအာင်းတပ်မတော် TNLA + MDY PDF ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ ဒုံးတပ် ၆၀၆ တပ်စခန်းတွင် တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းတွင် တအာင်းတပ်မတော် TNLA က ရင်ဆိုင် တိုက်ပွဲဖြစ်ပွားလျက်ရှိသော မိုးမိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများဖြစ်သော လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်းနှင့် လယ်ကြီးစခန်းတိုကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

သီပေါမြို့နယ် သီပေါတံတားအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်တပ်တို့ ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အလားတူ မိုးကုတ်မြို့နယ် မိုင်တိုင် ၅ နှင့် အိုက်ဆောင်တောင်အနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်တပ်၏ လပခ၊ ခလရ ၈၈ နှင့် ၁၄၈ တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရာ ၅ မိုင်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်၏ လေကြောင်းပစ်ကူ Jet Fighter ဖြင့် ၁ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၈ ရက်နေ့တွင် ကျောက်မဲမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ ၅၀၁ စခန်းမှ လက်နက်ကြီးများဖြင့် ငြိမ်းချမ်းရေးကုန်းကို ၄ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မိုးမိတ်မြို့အတွင်း တပ်စွဲထားသော စစ်တပ်က ရွှေဇာလီရွာကို လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

နောင်ချိုမြို့နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော ဒုံးတပ် ၆၀၆ စခန်း အနီးတဝိုက်ကို အကြမ်းဖက် စစ်ကောင်စီတပ်က Y12 ဖြင့် ၈ ကြိမ်နှင့် Jet Fighter ဖြင့် နောင်ချိုမြို့အတွင်း စာသင်ကျောင်းကို ၁ ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article