27 C
Yangon

မတ္တရာမြို့နယ်၊ ရေနံ့သာ တိုးဂိတ်ကို စစ်ကြောင်းထိုးလာသည့် စစ်သားများကို တိုက်ခိုက်မှု စစ်သား အလောင်း ၇ လောင်းနှင့် လက်နက် ခဲယမ်း အချို့ သိမ်းဆည်းရရှိ

Must read

စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးစစ်စခန်းမှ ထွက်ပြေးသွားသော စစ်သားများကို လိုက်လံ တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် ၄ ဦး အရှင်မိပြီး စစ်သား အလောင်း ၂ လောင်းနှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေနံ့သာ တိုးဂိတ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ စစ်သား အလောင်း ၇ လောင်းနှင့် လက်နက် ခဲယမ်း အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း မန္တလေး PDF က ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သိမ်းပိုက်ရရှိထားသော မတ္တရာမြို့နယ် ရေနံ့သာ တိုးဂိတ်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မန္တလေး PDF တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် စစ်ကြောင်း အထိအခိုက်များစွာဖြင့် ပြန်လည် ဆုတ်ခွာသွားပြီး ချေမှုန်းနိုင်ခဲ့ကြောင်း၊ စစ်သား အလောင်း ၇ လောင်းနှင့် လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးတပ်စခန်းမှ ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မန္တလေး PDF က လိုက်လံ ချေမှုန်းတိုက်ခိုက်လျက်ရှိရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သုံ့ပန်း ၄ ဦးခန့် ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး စစ်သား အလောင်း ၂ လောင်းနှင့် လက်နက်ခဲယမ်းများလည်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မတ္တရာမြို့နယ် အုတ်ဖို(ရွာသစ်)ကျေးရွာနှင့် သန်းကုန်းကျေးရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ကျေးရွာစာသင်ကျောင်းအပါအဝင် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article