28 C
Yangon

ပုဂ္ဂလိဘဏ်များက စီးပွားရေး လက်ဝါးကြီးအုပ်ခြင်း၊ စျေးကစားခြင်းများ ပြုလုပ်လျှင် ဥပဒေအရ အရေးယူမည်ဖြစ်ပြီး ဘဏ်များ၏ စည်းကမ်းဖောက်ဖျက်မှုများက စီးပွားရေး မူဝါဒကို ထိပါးဟု စစ်ကောင်စီက ခေါ်ယူခြိမ်းခြောက်

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

မြန်မာနိုင်ငံရှိ ပုဂ္ဂလိဘဏ်များအနေဖြင့် စီးပွားရေးတွင် လက်ဝါးကြီးအုပ်ခြင်း၊ စျေးကစားခြင်းများ ပြုလုပ်လျှင် ဥပဒေအရ အရေးယူမည်ဟု စစ်ကောင်စီက ခေါ်ယူ ခြိမ်းခြောက်လိုက်သည်။

ယမန်နေ့ ဇူလိုင်လ ၁၀ ရက်နေ့ နေပြည်တော်တွင် စစ်ကောင်စီနှင့် ပုဂ္ဂလိကဘဏ်ပိုင်ရှင်များ တွေ့ဆုံစဉ် စစ်ကောင်စီ၏ အတွင်းရေးမှူး အောင်လင်းဒွေးက ထိုသို ခြိမ်းခြောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ နေပြည်တော် စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီး ရာပြည့်၊ ဗဟိုဘဏ် ဥက္ကဋ္ဌ သန်းသန်းဆွေ၊ ဒေါ်လာငွေကြီးကြပ်ရေးဥက္ကဋ္ဌ ညိုစောတိုနှင့် ပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြပြီး ယင်းတွေ့ဆုံမှုတွင် စစ်ကောင်စီက ဘဏ်များကို ခြိမ်းခြောက်မှုများစွာ လုပ်ဆောင်လာခြင်းဖြစ်သည်။

ပုဂ္ဂလိကဘဏ်များသည် နိုင်ငံ၏ ငွေကြေးစနစ်တည်ငြိမ်မှု၊ လုံခြုံမှုနှင့် ခိုင်မာမှု ထိန်းသိမ်းရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း စီးပွားရေးအရ လက်ဝါးကြီးအုပ်ခြင်း၊ စျေးကစားမှု ပြုခြင်းများကို ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း၊ လက်ရှိ ဘဏ်များ၏ စည်းကမ်းဖောက်ဖျက်မှုများသည် စစ်ကောင်စီ၏စီးပွားရေး မူဝါဒများကို ထိပါးလာကြောင်း၊ထ ကြောင့် စစ်ကောင်စီက ထိုက်သင့်အားလျော်စွာ ကြီးကြပ်ဆောင်ရွက်နေကြောင်း စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးက ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ အောင်မြင်ရေးအတွက် ဘဏ်လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်သွားရန် စစ်ကောင်စီက ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များကို ဖိအားပေး တိုက်တွန်းသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article