30 C
Yangon

ရှမ်းပြည်နယ် ရွာငံမြို့နယ် နွားဘန်းကြီးရွာမှ စစ်ကောင်စီဒေါက်တိုင် ပျူစောထီး နိုင်ဌေး ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာနေ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီး နိုင်ဌေး ခေါ် ဌေးဌေးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွာငံPDF) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ပျူစောထီး နိုင်ဌေးခေါ် ဌေးဌေး ကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၎င်း ၏ လွယ်အိတ်အတွင်းမှ လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရမိကြောင်း၊ ၎င်းကို ဖမ်းဆီးခေါ်လာစဉ် ခုခံထွက်ပြေးရန် ကြိုးစား၍ ပစ်ခတ်ရှင်းလင်းလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

နိုင်ဌေး ခေါ် ဌေးဌေး သည် အကြမ်းဖက်စစ်ကောင်စီ အမာခံ ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး ယခင်က ပစ်ခတ်ခံရသော အုပ်ချုပ်ရေးမှူး မန်းကျော်၏ တပည့်လက်ထောက်ဖြစ်ကြာင်း၊ စစ်တပ်အလိုကျ တော်လှန်ရေးအဖွဲ့များ၏ နေရာများကို လမ်းပြခဲ့၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းစီးနင်းခံရခြင်း၊ စခန်းမီးရှို့ခံရခြင်း၊ ရဲဘော်များ ဖမ်းဆီးခံရခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွာငံPDF) ထံမှ သိရှိရသည်။

ထို့ပြင် နိုင်လင်း ခေါ် ဌေးဌေးသည် ၂၀၂၃ ခုနှစ်အတွင်း ၎င်း၏ သားမက်ကို သတ် ဖြတ်ခဲ့သော လူသတ်တရားခံဖြစ်သော်လည်း အရေးယူခြင်း မခံရကြောင်း၊ အကြမ်းဖက်စစ်တပ်အတွက် လမ်းပြလုပ်ဆောင်မှုကြောင့် ၂၀၂၂ ခုနှစ် ၉လပိုင်း၂၂ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းစီးနင်းခံခဲ့ရကြောင်း၊ ထိုအချိန်က တော်လှန်ရေး ရဲဘော်များအချိန်မီ ဆုတ်ခွာနိုင်ခဲ့သော်လည်းစခန်းရှိ ရိက္ခာပစ္စည်းများ၊ တဲစခန်းများမီးရှိူ့ခံရခြင်းများရှိခဲ့ကြောင်း ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွာငံPDF) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်သားများကို လမ်းပြခြင်း ၊ရပ်ရွာအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များဝင်ရောက်မှု၊ ရိက္ခာပစ္စည်းသယ်ဆောင်ခြင်းများကို စောင့်ကြည့်ပြီး အကြမ်းဖက်စစ်သား၊ ရဲနှင့် ထွေအုပ်များကို သတင်းပေးမှုကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ ဖမ်းဆီးခံရမှုများရှိခဲ့ကြောင်း သိရှိသည်။

ထို့ကြောင့် စစ်တပ်ကို သတင်းမပေးရန်နှင့် စစ်တပ်ဒေါက်တိုင် လုပ်နေမှုများ ရပ်တန့်ရန်၊ ဆက်မလုပ်ရန် အကြိမ်ကြိမ်သတိပေးခဲ့ကြောငး၊ သို့သော်လည်း ပျူစောထီးလစာ ထောက်ပံ့ကြေး ၉၀,၀၀၀ ကျပ် ဆက်လက်ရယူပြီး အကြမ်း ဖက်စစ်တပ်နှင့် ဆက်လက်ပူးပေါင်းနေသဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article