32 C
Yangon

နောင်ချို ဂုတ်တွင်း စခန်းကို TNLA က ထပ်မံ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သားအလောင်းများနှင့် လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ၊ မိုးမိတ်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

Must read

နောင်ချို ဂုတ်တွင်း စခန်းကို TNLA က ထပ်မံ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သားအလောင်းများနှင့် လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ၊ မိုးမိတ်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ရန်ကုန်၊ ဇူလိုင် ၁၂

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဂုတ်တွင်း စခန်းကို ထပ်မံ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သားအလောင်းများနှင့် လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် နောင်ချိုမြို့နယ် ၆၀၆ ဒုံးတပ်ရင်းမှ ဂုတ်ထိပ်/ဂုတ်တွင်းစခန်းကို ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တအာင်းတပ်မတော် TNLA + DPLA ပူးပေါင်းတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ခဲ့ပြီး ဂုတ်တွင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုတ်တွင်းစခန်းမှ အကြမ်းဖက် စစ်သား အလောင်းများနှင့် လက်နက် ၁၅ လက်၊ RPG-7 ၂ လက်၊ ငါးကြင်မီး ၁ လက်၊ ၆၀ မမ ၂ လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲ ဖြစ်ပွားလျက်ရှိသော ဂုတ်ထိပ်/တွင်း စခန်းကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၃ ကြိမ်၊ Mi35 ဖြင့် ၄ ကြိမ် ၊ Y12 ဖြင့် ဗုံး ၆၄ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ကျောက်မဲရှိ အကြမ်းဖက် စစ်တပ်၏ ၅၀၁ စခန်းကလည်း ဂုတ်ထိပ်ကို လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ နောင်ချိုမြိုနယ် နောင်အောရွာ အနီးတဝိုက်တွင်လည်း တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မိုးမိတ်မြို့အတွင်း အကြမ်းဖက် စစ်တပ်၏ စကခ-၂၁ ၊ ခလရ-၂၂၃ နှင့် တအာင်းတပ်မတော် TNLA + PLA + MOD PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း၊ မိုးကုတ်နှင့် မိုးမိတ် ကြားရှိ အကြမ်းဖက် စစ်တပ်၏ ၅ မိုင်တပ်စခန်းတွင်လည်း ၆၀ မမ ၁ လက်၊ လက်နက် ၇ လက်၊ RPG-7 ၂ လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က နောင်ချိုမြို့နယ် အုမ္မတီးရွာနှင့် သဲခေါ်ရွာကိုလည်း Mi-35 ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article